တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးကျဆင်းလျက်ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၏ လက်လီရောင်းချရမှု ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တိုးတက်လာပြီဖြစ်ကြောင်း ဈေးကွက်လေ့လာသူများမှ ပြောကြားခဲ့ပါသည်။ တရုတ်အမျိုး သားစာရင်းအင်း ဗျူရိုမှ ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ မှ ဖေဖော်ဝါရီလအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် lockdown ပြုလုပ်ခဲ့သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုံးဝမရှိဘဲ လက်လီရောင်းချရမှုသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၂၀.၅) ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ ပြည်တွင်း၌ ရောဂါကူးစက်ပျံ့နှံ့မှုများ ထိန်းချုပ်နိုင်ပြီး စီးပွားရေးနှင့်ပတ်သက်၍ မူဝါဒများ ချမှတ်ခဲ့သည့်အတွက် နောက်ပိုင်းတွင် လက်လီရောင်းချရမှု တစ်စထက်တစ်စ တိုး တက်လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့် နှစ်၊ ဇွန်လအတွင်း၌ လက်လီ ရောင်းချရမှုသည်ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၁.၈) ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည့်အတွက် ပြည်တွင်းလက်လီ ရောင်းချရမှု ပြန်လည်တိုးတက် လာပြီဖြစ်ကြောင်း သိရှိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်း)