ဈေးကွက်ဈေးနှုန်း

“China- Myanmar (Yangon) Trade Fair 2019” ပွဲကျင်းပမည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

Last Updated:

ရန်ကုန်မြို့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယထပ်ရှိ  အစည်းအဝေးခန်းမ၌ “China- Myanmar (Yangon) Trade Fair 2019” ကျင်းပမည့် သတင်းစာရှင်းလင်းပွဲကို နေ့လည် (၁၄:၀၀) နာရီတွင် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ မှ အဖွင့်မှာစကားပြောကြားပြီး ကုန်စည်ပြပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများ အားရှင်းလင်းပြောကြားရာ  တက်ရောက်လာကြသည့် သတင်းမီဒီယာများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း၍ နေ့လည် (၁၅:၃၀) နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။