International News

(၂၁) လအတွင်း ထိုင်းစက်မှုလုပ်ငန်း ယုံကြည်မှုအညွှန်းကိန်းအနိမ့်ဆုံးသို့ကျဆင်း

Last Updated:

ထိုင်းစက်မှုလုပ်ငန်း ယုံကြည်မှုအညွှန်းကိန်း Thai Industries Sentiments Index အနေဖြင့် ဝယ်လိုအားကျဆင်းခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုများ ကြောင့် ဖေဖေါ်ဝါရီလတွင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီး(၉၀.၂)ရှိခဲ့ကြောင်း ထိုင်းစက်မှု လုပ်ငန်း အသင်းချုပ် Federation of Thai Induistries (FTI) ၏ ပြောကြားချက်အရ သိရှိရပါသည်။

ယခုနှစ် ဘတ်ဂျက်နှင့်အရှေ့ပိုင်းစီးပွားရေးစင်္ကြန် အစီအစဉ်နှောင့်နှေးမှုနှင့် အလားတူ မိုးခေါင်ခြင်းတို့ကြောင့် လည်းရမှတ်များ အားနည်းသွား ရခြင်းဖြစ်ပါသည်။ ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် FTI ၏ ဉက္ကဌ Supant Mongkolsuthree က ထိုင်းစီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဖိအားများစွာဖြင့် ရင်ဆိုင်နေ ရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် (Covid-19)မှာ အဓိကဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမှာ မကြာခင်အချိန်အထိ မပြီးဆုံးသေးပါက ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်လိမ့်မည်မဟုတ်ကြောင်းနှင့် ကမ္ဘာ့စီးပွားရေးမှာလည်း အလားတူပင်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ TISI အနေဖြင့် ဖေဖေါ်ဝါရီလတွင် ကဏ္ဍပေါင်း(၄၅)ခုမှ ကုမ္ပဏီပေါင်း(၁၂၀၉) ခုတို့အား စစ်တမ်းများကောက်ယူခဲ့ပြီး ဖြေဆိုသူများ၏ သက်ဆိုင်ရာ စက်မှုလုပ်ငန်းများ၏ စီးပွားရေး အလားအလာအပေါ် သူတို့၏ ယုံကြည်မှုကိုတိုင်းတာခဲ့ပါသည်။

ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် FTI က စီးပွားရေးလုပ်ငန်းများ အနေဖြင့် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနှင့် ဘတ်ငွေတန်ဖိုးမြင့်နေမှုအပေါ် စိုးရိမ်နေ ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းစက်မှုလုပ်ငန်း ယုံကြည်မှု အညွှန်းကိန်း TISI အနေဖြင့် (၄၅) လတာ ကာလအတွင်း အနိမ့်ဆုံး အဆင့်သို့ (၃)လအတွင်း ရောက်ရှိသွားနိုင်သည်ဟုမျှော်လင့်ရကြောင်း Mr. Supant ကပြောကြားခဲ့ပါသည်။

ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် FTI အနေဖြင့် အစိုးရအား SMEs များအား ထောက်ပံ့ပေးရန်ဘတ်ငွေ (၁၀၀) ဘီလီယံတန်ဖိုးရှိသော အရင်းအနှီးရန်ပုံငွေများအား တည် ထောင်ပေးရန်တောင်းဆိုခဲ့ပါသည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုနှင့်လက်လီ လုပ်ငန်းကဏ္ဍများဖြစ်ပါသည်။ ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် FTI က အဆိုးဆုံးအနေဖြင့်  ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် သူတို့၏ဝန်ထမ်းများအား ငွေပေးချေနိုင်မည် မဟုတ်ကြောင်းနှင့် အလုပ်သမား အင်အား (၁) သန်းခန့်အလုပ်ဆုံးရှုံးနိုင်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

FTI အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ၎င်း၏ ကားထုတ်လုပ်မှုကို (၂) သန်းမှ (၁.၉) သန်းအထိ လျှော့ချခဲ့ပြီး စီးပွားရေးအခက်အခဲများကြောင့် (၅%) ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ FTI၏ ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ကိုရိုနာဗိုင်းရပ်စ်က ပြည်တွင်းရော ပြည်ပဈေးကွက် နှစ်ခုလုံးကို ထိခိုက်စေကြောင်း၊ အဓိပ္ပါယ်မှာ လုပ်ငန်းများ အနေဖြင့် ဝယ်လိုအား အမှာစာများ လျော့နည်းကျဆင်းလာမည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ပသို့ကားတင်ပို့မှုအား မူလက (၁)သန်းသတ်မှတ်ထားရာမှနေ၍  (၅%)    လျှော့ချပြီး (၉၅၀,၀၀၀) သို့ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလတွင် ထိုင်းမော်တော်ကားထုတ်လုပ်မှုလုပ်ငန်းအနေဖြင့် အစီးရေ (၁၅၀,၆၄၀) ထုတ်လုပ်ခဲ့ကြောင်း၊ နှစ်အလိုက်တွင် (၁၇.၇%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့မှုအတွက် (၁၅.၆%) ကျဆင်းခဲ့ပြီး အစီးရေ(၈၃,၃၈၅) စီး သာထုတ်လုပ်ခဲ့ပါသည်။

ပြည်တွင်းသုံးအတွက် ထုတ်လုပ်မှုမှာ(၂၀.၃%)ကျဆင်းခဲ့ပြီး အစီးရေ (၆၇,၂၁၉) စီး သာ ထုတ်လုပ်ခဲ့ကြောင်း၊ ပြည်တွင်းအရောင်းမှာလည်း ချေးငွေရရှိရန် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ တင်းကြပ်မှုများကြောင့် အရောင်းမှာ(၁၇.၁%) ကျဆင်းခဲ့ပြီး အစီးရေ (၆၈,၂၇၁)သာရောင်းချခဲ့ရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News