International News

(COVID-19) ကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ မျှော်မှန်းထားသည် ထက်လျော့ကျပြီး လိုငွေ ဟောင်ကောင်ဒေါ်လာ (၂၇၆.၆) ဘီလီယံကျော်ရှိနိုင်ခြင်း

Last Updated:

(COVID-19) ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများ ရုန်းကန်လှုပ်ရှားနေရမှုမှ သက်သာအောင် အလုပ်သမား (၁.၅) မီလီယံအတွက် လစာများ ဆက်လက်ထုတ်ပေးနိုင်ရန် ဟောင်ကောင်ဒေါ်လာ (၁၃၇.၅) ဘီလီယံပေးရန် ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ်မှ ပြောကြားခဲ့ပြီးနောက် ကူးစက်မှုများ ပိုမိုဆိုးရွားလာပြီး အစိုးရအနေဖြင့် ထောက်ပံ့မှုများ ပိုမိုပေးရလျှင် လိုငွေဟောင်ကောင်ဒေါ်လာ (၂၇၆.၆) ဘီလီယံကျော်ရှိနိုင်ပြီး ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ မျှော်မှန်းထားသည်ထက်လျော့ကျနိုင်ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားပြီး အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဒေဝါလီခံခြင်းမှ နည်းပါးစေရန် ဘဏ်များအား ချေးငွေများထုတ်ချေး ပေးရန်တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ (၁.၅) ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း၊ ကမ္ဘာ့စီးပွားရေးမှာ ဆိုးရွားလျှက်ရှိပြီး ကုန်သွယ်ရေး၊ အခွန်ကောက်ခံရရှိမှု ဝင်ငွေနှင့် မြေယာ ရောင်းချရမှုများအပေါ် ရိုက်ခတ်မှုများရှိနိုင်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါမှာ ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိလျှင် ထောက်ပံ့ပေးရမှုများ လျော့နည်းမည်ဖြစ်သော်လည်း မခန့်မှန်းနိုင်သောကြောင့် လိုအပ်လျှင် ထောက်ပံ့ငွေများ ပိုမိုအသုံးပြုရမည် ဖြစ်ကြောင်း၊ ဟောင်ကောင်၏ အရန်ထား ရှိသောရန်ပုံငွေမှ ဟောင်ကောင်ဒေါ်လာ (၈၀၀) ဘီလီယံမှ ဟောင်ကောင်ဒေါ်လာ (၉၀၀) ဘီလီယံထိ လျော့ကျနိုင်ကြောင်း၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ပံ့ပိုးမှုအစီအစဉ်အောက်တွင် လုပ်ငန်းများအတွက် အမြင့်ဆုံးချေးပေးငွေပမာဏအား တိုးမြှင့်ပေးခဲ့ကြောင်း၊ စီးပွားရေးကျဆင်းမှုကြောင့် လုပ်ငန်းများ ဒေဝါလီခံမှုများ ပိုမိုများလာမည်ဖြစ်ကြောင်း၊ ဟောင်ကောင်အစိုးရမှ တစ်လလျှင် ဟောင်ကောင်ဒေါ်လာ (၉,၀၀၀) ဖြင့် အလုပ်သမား များ၏ လုပ်ခလစာ (၅၀) ရာခိုင်နှုန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် အလုပ်ရှင်များမှ အလုပ်သမားများအား လစာမဲ့ခွင့်ပေးခြင်းဖြင့် လစာ ဖြတ်တောက်နိုင်သောကြောင့် အဆိုပါ ထောက်ပံ့မှုများမှာ အလုပ်သမားများအတွက် တိုက်ရိုက်အကျိုးမရှိနိုင်သဖြင့် တာဝန်ရှိသူများအနေဖြင့် အဆိုပါ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် SARs ကြောင့် ဟောင်ကောင်ဒေသကို ထိခိုက်မှုရှိခဲ့ရာ ၂၀၀၃ ခုနှစ်၊ ဇွန်လက အလုပ်ရှင် (၁၀၆,၀၀၀) ကျော်အတွက် အဆင်မပြေဖြစ်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ထိခိုက်မှုရှိသော အလုပ်ရှင်များ အရေအတွက် မြင့်မားလာမည်ဖြစ်ကြောင်း၊ သို့သော်မကြာခင်နှစ်များက ပိုင်ဆိုင်မှုလွှဲပြောင်းမှုများ နည်းပါးသောကြောင့် အခြေအနေမှာ အရမ်းဆိုးရွား နိုင်ခြင်းမရှိ ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Tony Cheung က “Coronavirus: Hong Kong’s deficit could balloon beyond HK$276.6 billion, with economy shrinking more than expected, finance chief warns” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News