ဈေးကွက်ဈေးနှုန်း

အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးများကျင်းပပြီးစီး

Last Updated:

အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးများကျင်းပပြီးစီး

အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ၏ လက်ရှိကာလအထိ အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများအပေါ် လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်၍ ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်း များမြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့ (Task Force) အစည်းအဝေးတွင် တင်ပြဆောင်ရွက်နိုင်ရေး အတွက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ၊ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပါသည်။