Local News

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းလာ

Last Updated:

ဇူလိုင်လပထမအပတ်အတွင်းမန္တလေးကုန်စည်ဒိုင်တွင်ပဲ‌‌မာဈေးဆက်တိုက်ကျဆင်းလာပြီးလက်ကျန်နည်းလာခြင်းနှင့်အိန္ဒိယနိုင်ငံမှဝယ်လိုအားလျော့နည်းခြင်းတို့ကြောင့် ပြည်ပ ပို့ကုန်ပဲမာဈေးများ ကျဆင်းသွားကြောင်း၊ လက်ရှိဈေးက ကျဆင်းသော်လည်း ကုန်သည်များ လှောင်ထားဆဲအခြေအနေမှာ ရှိနေသောကြောင့် မကြာမီဈေးပြန်တက်လာနိုင်ကြောင်း မန္တလေး ကုန်စည်ဒိုင်မှသိရသည်။

မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၁၅၀၀၀ မှ ၂၂၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၁၅၀၀၀ မှ ၂၃၅၀၀၀၊ ယခင်လ ကျပ် ၂၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ ၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ နိမ့်ကျလာသည်။

ပဲစဉ်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၀၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၂၀၀၀၀ ၊ ယခင်လ ကျပ် ၃၂၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်၊ ယခင်လထက် ကျပ် ၁၅၀၀၀ နိမ့်ကျလာသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၅၀၀၀ မှ ၁၇၁၀၀၀  ၊ ယခင်တစ်ပတ် ကျပ် ၁၇၅၀၀၀ မှ ၁၈၅၀၀၀ ၊ ယခင်လ ကျပ် ၁၃၀၀၀၀ မှ ၁၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀၀ မှ ၃၀၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက် ကျပ် ၁၁၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။

မြေထောက်ပဲ  ၅၄ ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၀၀၀၀၀ မှ ၃၂၀၀၀၀  ၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၂၅၀၀၀ ၊ ယခင်လ ကျပ် ၂၃၀၀၀၀ မှ ၂၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၄၅၀၀၀ မှ ၇၀၀၀၀ မြင့်တက်လာသည်။

                   

Category: Local News