Local News

မန္တလေးကုန်စည်ဒိုင်နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ဇူလိုင်လပထမပတ်အတွင်း ကျောက်ဆည်နယ်ဘက်မှ ဂျပန်နှမ်းဖြူ နှင့် ရိုးရိုး နှမ်းဖြူများ ဝင်ရောက်နေပြီး အရောင်းအဝယ်များသွက်၍ ‌ဈေးကောင်းရနေကြောင်း တရုတ်လိုင်း၊ ရန်ကုန်လိုင်း အဝယ်သွက်နေသောကြောင့် ဂျပန်နှမ်းဈေးမြင့်တက်လာပြီး၊ နှမ်းနက်(စမုံ)နှင့် နှမ်းညို ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၆၅၀၀၀မှ ၃၇၅၀၀၀၊ယခင် တစ်ပတ်ကျပ် ၂၆၅၀၀၀မှ ၃၇၀၀၀၀၊ ယခင်လကျပ် ၃၃၅၀၀၀မှ ၃၄၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၃၀၀၀၀မှ ၃၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၄၅၀၀၀ မှလ၃၅၀၀၀၀၊ ယခင် တစ်ပတ်ကျပ် ၃၄၅၀၀၀မှ ၃၅၀၀၀၀၊ ယခင်လကျပ်၃၅၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေး ငြိမ်နေပြီး၊ ယခင်လထက်ကျပ်၅၀၀၀ နိမ့်ကျလာသည်။

နှမ်းညို၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၂၉၀၀၀၀၊ ယခင်တစ်ပတ်ကျပ်၂၉၀၀၀၀ ၊ယခင်လကျပ် ၃၀၃၀၀၀မှ ၃၀၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၁၃၀၀၀မှ ၁၅၀၀၀ နိမ့်ကျလာသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၁၅၀၀၀ မှ ၃၄၀၀၀၀၊ ယခင် တစ်ပတ်ကျပ် ၃၂၅၀၀၀မှ ၃၄၅၀၀၀၊ ယခင်လကျပ် ၃၂၀၀၀၀မှ ၃၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀၀မှ ၁၀၀၀၀ ၊ ယခင်လထက်၅၀၀၀ မှ ၂၀၀၀၀ နိမ့်ကျလာသည်။

Category: Local News