ဈေးကွက်ဈေးနှုန်း

BIMSTEC ပူးပေါင်း ဆောင်ရွက်မှုအတွက် အလံအသစ်နှင့် Logo အသစ် သတ်မှတ်ရန် ဒီဇိုင်းပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်နိုင်ရန် ခေါ်ယူခြင်း

Last Updated:

မြန်မာနိုင်ငံမှ ပါ၀င်ဆောင်ရွက်လျက်ရှိသည့်  BIMSTEC (Bay of Bengal Initiative of Multi-Pectoral Technical and Economic Cooperation) ပူးပေါင်းဆောင်ရွက်မှုအတွက် အလံအသစ်နှင့် Logo အသစ် သတ်မှတ်ရန် ဒီဇိုင်းပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှ ဉီးဆောင်၍ ပြုလုပ်သွားရန် ရှိပါသဖြင့် ဒီဇိုင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံသား မည်သူမဆို ပါ၀င်ယှဉ်ပြိုင်နိုင်ပါသည် ။

            စိတ်ပါ၀်စားသူများ ပါ၀င်ယှဉ်ပြိုင်လိုပါက ပါ၀င် ယှဉ်ပြိုင်မည့်သူများသည် မြန်မာနိုင်ငံသား ဖြစ်ရမည် ။ ဆုရွေးချယ်ခံရပါက ပြိုင်ပွဲ၀င်/ အဖွဲ့အား ဆုငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြှင့်မည်ဖြစ်သည် ။

 ပြိုင်ပွဲကာလသည် ၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်၀ါရီလ ၁၅ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ၊ မေလ ၁၅ ရက်နေ့အထိ ဖြစ်ပြီး ပြိုင်ပွဲ၀င်သူများသည် ဘင်းစတက်အလံနှင့်  Logo  ဒီဇိုင်းအား ပြည့်စုံစွာ ဖြည့်စွက်ထားသည့် ပြိုင်ပွဲလျှောက်လွှာ ၊ ကိုယ်ရေးမှတ်တမ်း ၊ ယှဉ်ပြိုင်မည့် ဒီဇိုင်းနှင့် စပ်လျဉ်းသည့် အင်္ဂလိပ်ဘာသာဖြင့် စာလုံးရေ ၁၅၀ နှင့် ၃၀၀ ကြား ရေးသားထားသည့် ရှင်းလင်းချက်တို့နှင့်တစ်ကွ ပူးတွဲ၍ [email protected] သို့ ပေးပို့ပြီး   [email protected]  သို့ မိတ္တူပေးပို့ရမည်။

ပြိုင်ပွဲ၀င်ဒီဇိုင်းများသည် အခြားသူများ၏ ဒီဇိုင်းမူပိုင်ခွင့်ကို ထိပါးခြင်းမရှိစေဘဲ ကိုယ်ပိုင်ဖန်တီးမှုဒီဇိင်းများသာ ဖြစ်ရမည်၊ ပြိုင်ပွဲ၀င်များသည် တစ်ဉီးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ပါ၀င်ယှဉ်ပြိုင်နိုင်သည် ။ ပြိုင်ပွဲ၀င်တစ်ဉီး/တစ်ဖွဲ့သည် ဒီဇိုင်း (၂) ခု တင်သွင်းခွင့်ရှိသည်။

တင်သွင်းမည့်  Font အားလုံးကို  outlines  သို့ ပြောင်းနိုင်ရန်နှင့်  sport colours or RGBN colours အား         CMYK  သို့ ပြောင်းလဲ၍ တင်သွင်းရမည်။

 File Type အမျိုးအစား (jpg ၊ pdf/png)  သာ လက်ခံမည်ဖြစ်သည်။

ပြိုင်ပွဲ၀င်ဒီဇိုင်းသည် အနည်းဆုံး ၂ လက်မ ရှည်လျားရန် လိုအပ်ပြီး  resoulution  အနည်းဆုံး  300 pixels     ရှိရမည်။

နောက်ဆုံးအဆင့် ရွေးချယ်ခံရသည် ဒီဇိုင်း ဘင်းစတက်အတွင်းရေးမှူးချုပ်ရုံးမှ မူပိုင်ခွင့် ရရှိမည်ဖြစ်ပြီး ဒီဇိုင်းဖန်တီးသူ အနေဖြင့် မူပိုင်ခွင့် ရရှိမည် မဟုတ်ပါ။

ဘင်းစတက်အဖွဲ့၀င်နိုင်ငံများနှင့် ဘင်းစတက်အတွင်းရေးမှူးချုပ်ရုံးမှ ဆုရရှိသည့် ဘင်းစတက်အလံနှင့် logo    အား သင့်လျော်ရာ ပုံစံဖြင့် သုံးစွဲပိုင်ခွင့်ရှိသည်။

မှီငြမ်းနိုင်ရန်  BIMSTEC  ဆိုင်ရာ အချက်အလက်များကို www.bimstec.org တွင် လေ့လာနိုင်ပါသည်။

ပြိုင်ပွဲနှင့် စပ်လျဉ်းသည့် လျှောက်လွှာပုံစံများနှင့် အသေးစိတ် အချက်အလက်များအား http://bimstec.org/?page_id=2600 တွင် ဖေဖော်၀ါရီလ ၁၅ ရက်နေ့မှ စ၍ ရယူနိုင်ပါသည်။

ပြိုင်ပွဲနှင် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုသော အချက်အလက်များရှိပါက ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဌာန၊ နိုင်ငံခြားရေး၀န်ကြီးဌာန တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၁၂၄၄၇ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည် ။

                                                                                                                            ခင်မြနွယ်

                                                                                                                        Myantrade (TIR)