International News

Biden ကြောင့် ဟောင်ကောင်ဒေသအတွက် အဆင်ပြေကောင်းမွန်နိုင်ခြင်း

Last Updated:

ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ အင်အားကြီးနိုင်ငံ (၂) နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အပေါ်တွင်မူတည်နေ ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် နောက်ထပ် ရွေးကောက်ခံ အမေရိကန်သမ္မတနှင့် အဆင်ပြေနိုင်မည့် အခြေအနေကို လာမည့် (၅) လအတွင်း စောင့်ကြည့်ရမည်ဟု နိုင်ငံရေးသမား Joseph Chamberlain ကပြောကြားခဲ့ကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်အနေဖြင့် COVID-19 ဖြစ်ပွားမှုကိုလည်း ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ အမေရိကန် ရွေးကောက်ပွဲမှာ ဟောင်ကောင်ဒေသ၏ စီးပွားရေးအတွက် အရေးကြီးမည်ဖြစ်ကြောင်း၊ တရုတ်နှင့်အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးမှာ စစ်ရေးအရ ဆက်နွယ် ပတ်သက်မှုထက် စီးပွားရေးအရ ပိုမိုချိတ်ဆက်လျက်ရှိသောကြောင့် ၎င်းတို့နှစ်နိုင်ငံ၏ ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊  ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အမေရိကန်ဒုတိယသမ္မတဟောင်းဖြစ်သူ Mr. Joe Biden မှလည်း အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်အရွေးခံမည်ဖြစ်ရာ ၎င်းအနိုင်ရရှိခဲ့ပါက ၎င်း၏ လက်ထက်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပြေပြစ်လာအောင် ဆောင်ရွက်ရန်ကြိုးစားလာနိုင်ဖွယ်ရှိပြီး နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက် ပထမ အဆင့်လည်း ပြန်လည် ကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်းနှင့် အနည်းဆုံး (၉) လခန့်ကြာမြင့်နိုင်ရာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်မှာ အချိန်ကျော်လွန်သွားပြီဖြစ်ပြီး ဈေးကွက်တုံ့ပြန်မှုမှာလည်း ဆိုးရွားမှုရှိကြောင်း၊ ဟောင်ကောင် ဒေသ၏ စီးပွားရေးအတွက် ကုန်သွယ်‌ရေးမှာ အဓိကကျရာ အမေရိကန်နှင့်ဆက်ဆံရေးကောင်းမွန်ရန် ဟောင်ကောင်ဒေသအတွက် အရေးကြီးကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ Richard Harris က“ Biden a safer bet for HK” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News