International News

COVID-19 အကျပ်အတည်းကာလတွင် ဟောင်ကောင်ဒေသ၏ စီးပွားရေးကို အဓိကခြောက်လှန့်မှုများကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခြင်း

Last Updated:

COVID-19 အကျပ်အတည်းကာလတွင် ဟောင်ကောင်ဒေသ၏ ဘဏ္ဍာရေးကဏ္ဍ စိန်ခေါ်မှုများကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ ဒေသအစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းများကို ဟောင်ကောင်ဒေါ်လာ (၄၀၀) မီလီယံအား အာမခံချက်အပြည့်အဝဖြင့် ချေးငွေထုတ်ချေးပေးခဲ့ကြောင်း၊ အလုပ်လက်မဲ့နှုန်းမှာ မတ်လတွင် (၄.၂) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ COVID-19  ကြောင့် ဟောင်ကောင်ဒေသအပါအဝင် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနှင့် ငွေကြေးဈေးကွက်အပေါ် ဖိအားများဖြစ်နေသော်လည်း ဟောင်ကောင်ဒေသ၏ ငွေကြေးကဏ္ဍမှာ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ ဒေသအစိုးရမှ ငွေကြေးကဏ္ဍ တည်ငြိမ်မှုရှိရန် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ငွေကြေးလဲလှယ်နှုန်း တည်ငြိမ်ရန်၊ ဘဏ်များတွင် ပိုင်ဆိုင်မှုများရှိမှုသေချာရန်နှင့် ငွေကြေးဈေးကွက်အား အကဲဖြတ်စောင့်ကြည့်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ငွေကြေး ဈေးကွက်၌ ဟောင်ကောင်နှင့်အမေရိကန်ဒေါ်လာလုံလောက်စွာရှိရန်၊ စီးပွားရေးလုပ်ငန်းများ တောင့်တင်းလာစေရန် ဘဏ်များမှ လုပ်ငန်းများအား ငွေချေး ပေးရန် လုံလောက်သောအရင်းအမြစ်များရှိအောင် ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖေဖေါ်ဝါရီလက အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းအနည်းဆုံးဖြင့် ဟောင်ကောင်ဒေါ်လာ (၄) မီလီယံအား ထုတ်ချေးသွားရန် အစိုးရမှ ရာနှုန်းပြည့် ထောက်ခံ ပေးပြီး ချေးငွေများထုတ်ချေးပေးခဲ့ကြောင်း၊ လူမှုဖူလုံရေးအထောက်အပံ့ (Comprehensive Social Security Assistance –CSSA) အစီအစဉ် လျှောက်ထား သူမှာ ဖေဖေါ်ဝါရီလတွင် ၇၂၄ ဦး ရှိပြီး မတ်လတွင် ၁၈၂၁ ဦးရှိခဲ့ကြောင်း၊ CSSA စာရင်းအရ မတ်လတွင် အလုပ်လက်မဲ့ဦးရေ (၁၄၆၄၇) ဦး ရှိကြောင်း၊ ဟောင်ကောင် ဒေသ၌ ၂၀၀၃ ခုနှစ် က  SARs ရောဂါဖြစ်ပွားစဉ်က အလုပ်လက်မဲ့ဦးရေ (၅၁၃၇၂) ဦး ရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အစောပိုင်းက အလုပ်လက်မဲ့နှုန်းမှာ (၂.၈) ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း၊တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမှု၊ ၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင်ဒေသ၌ ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ဆန္ဒပြမှုနှင့် COVID-19 ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်တွင် ဟောင်ကောင်၌ အလုပ်လက်မဲ့ (၄.၂) ရာခိုင်နှုန်း ဖြစ်ခဲ့ကြောင်း ဟောင်ကောင်ဘဏ္ဍာရေး ဝန်ကြီး Mr. Paul Chan Mo-Po ကပြောကြားခဲ့မှုများ အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Karen Zhang  တို့က “Major Threats to Hong Kong economy are under control during coronavirus crisis, Financial Secretary Paul Chan says” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

 

Category: International News