International News

Cathay လေကြောင်းလိုင်း၏ ဆုံးရှုံးမှုများ မှတ်တမ်းတင်ခဲ့ကြောင်း သတိပေးပြောကြား ခဲ့ခြင်း

Last Updated:

COVID-19 ကြောင့်ခရီးသွားများလျော့နည်းလာပြီး၊ ကုန်ပစ္စည်းတင်ပို့သည် လေကြောင်းလိုင်းပြေးဆွဲမှုစီးပွားရေးလုပ်ငန်းများကိုလည်း ထိခိုက် လာကာ Cathay Pacific လေကြောင်းလိုင်းအ‌နေဖြင့် ပထမနှစ်ဝက်အတွင်း ဟောင်ကောင်ဒေါ်လာ (၉.၉) ဘီလီယံဆုံးရှုံးခဲ့ပြီး စီးပွားရေးလုပ်ငန်း များဆိုးရွားလာကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးတင်းမာမှုများကြောင့် လေကြောင်းလိုင်း၏ စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက် စေမည်ဖြစ်ကြောင်း၊ လေကြောင်းလိုင်းလုပ်ငန်း၏ သက်တမ်း (၇၃) နှစ်အတွင်း ၂၀၂၀ ခုနှစ်၊ ပထမ (၆) လသည် အကြီးဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်ရခြင်းဖြစ်ကြောင်း၊ ကာလတိုအနေဖြင့် ခက်ခဲမည်ဖြစ်ကြောင်း၊ သို့သော် ဒုတိယ (၆) လသည်လည်းပထမ (၆) လထက် ပိုမိုကောင်းမွန်လာလိမ့်မည်ဟု မခန့်မှန်းနိုင်ကြောင်း၊ပထမ(၆) လအတွင်း ကုန်ပစ္စည်းတင်ပို့သည့် လေကြောင်းလိုင်း ပြေးဆွဲမှု လုပ်ငန်းမှဝင်ငွေမှာ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲမှုများထက် ပိုမိုများပြားခဲ့ကြောင်း၊ ကုန်ကျစရိတ်များ သက်သာစေရန် ဝန်ထမ်းများ၏ လစာများလျော့ချခြင်း၊ လစာမဲ့ခွင့်များပေးခြင်းနှင့် စီမံကိန်းများ ယာယီရပ်ဆိုင်းထားခြင်းနှင့် မလိုအပ်သော အသုံးစရိတ်များကို  လျှော့ချခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းလိုင်းအနည်းငယ်သာ ပြေးဆွဲခဲ့ပြီး တစ်လလျှင် အသုံးစရိတ် ထက်ဝက်ခန့် ဟောင်ကောင်ဒေါ်လာ (၁.၅) ဘီလီယံ လျှော့ချနိုင်ခဲ့ကြောင်း၊ လေကြောင်းလိုင်းအတွက် ရရှိခဲ့သည့် ပံ့ပိုးငွေအစီအစဉ် ဟောင်ကောင်ဒေါ်လာ (၃၉) ဘီလီယံ ရရှိမှုနှင့် အသုံးစရိတ်များ လျှော့ချသုံးစွဲခြင်းဖြင့်လည်း လုံလောက်မည်မဟုတ်ကြောင်း၊ COVID-19 ကြောင့် ခရီးသွားလာမှုများအပေါ် သက်ရောက်နေမှုများကို ဖြေလျှော့ ပေးပြီး ခရီးသွားများအနေဖြင့် တရုတ်ပြည်မကြီးသို့ ဟောင်ကောင်မှတစ်ဆင့် ဖြတ်သန်းသွားလာခွင့် ပြုသွား မည့် သတင်းကြောင့် (၁၂-၈-၂၀၂၀) ရက်နေ့တွင် Cathay Pacific ၏ ရှယ်ယာများ (၁၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ကျန်းမာရေး အကျပ် အတည်းကြောင့် Cathay Pacific ၏ ခရီးသွားများမှ ဝင်ငွေရရှိမှုမှာ ၉၉ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ကမ္ဘာ့အကြီးဆုံး လေကြောင်းလိုင်း အဆင့်(၅) ရှိသည့် Cathay လေကြောင်း လိုင်းအတွက် ကောင်းမွန်သည့် အခြေအနေတွင် ရှိသေးကြောင်း၊ Cathay လေကြောင်းလိုင်း၏ဝင်ငွေမှာ ရာခိုင်နှုန်းအားဖြင့် (၄၈.၃) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဟောင်ကောင် ဒေါ်လာ (၂၇.၇) ဘီလီယံ ကျဆင်းခဲ့ကြောင်း၊ ခရီးသည်တင်လေကြောင်းလိုင်း ပြေးဆွဲမှုမှာ (၃) ပုံ (၂) ပုံ ကျော်ကျဆင်းခဲ့ပြီး၊ တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ(၁၁) ဘီလီယံကျဆင်းခဲ့ကြောင်း၊ ကုန်ပစ္စည်းတင် လေကြောင်းလိုင်းပြေးဆွဲမှုမှာ (၁၀) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဟောင်ကောင် ဒေါ်လာ(၁၂.၇) ဘီလီယံမြင့်တက်ခဲ့ကြောင်း၊Cathay လေကြောင်း လိုင်းသည် Singapore Airlines နှင့် Korean Air တို့နှင့် နှိုင်းယှဉ်လျှင် ပထမ (၆) လအတွင်း လုပ်ငန်းလည်ပတ်သည့် ကုန်ကျ စရိတ်များကို အများဆုံးဖြတ်တောက်နိုင်ခဲ့သည် လေကြောင်းလိုင်းဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Danny Lee က “Cathay warns of grim outlook as it posts record loss’” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News