International News

G7 ဆွေးနွေးပွဲအပြီး တရုတ်မှ ဟောင်ကောင်အား ငွေကြေးအချက်အချာကျသည့်ဒေသအဖြစ် ဆက်လက်ထားရှိ

Last Updated:

ငွေကြေးအချက်အချာကျသည့်ဒေသဖြစ်သည့် ဟောင်ကောင်ဒေသအား အမျိုးသားလုံခြုံရေး ဥပဒေနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ ဆောင်ရွက်မှုအပေါ် စိုးရိမ်ပူပမ်မှုများအား Group of Seven (G7) အစည်းအဝေးတွင် အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ အီတလီ၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ် အစရှိသည့်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပအဖွဲ့ဝင်နိုင်ငံများမှသံတမန် များမှ တရုတ်နိုင်ငံမှ ဆုံးဖြတ်ချက်ချသည့် အမျိုးသားလုံခြုံရေးဥပဒေအပေါ် စိုးရိမ်ပူပမ်မှုများကို ဆွေးနွေးခဲ့ကြရာ တရုတ်အနေဖြင့် တစ်နိုင်ငံ၊ စနစ်နှစ်မျိုး (One Country Two Systems) ဖြင့် နိုင်ငံတကာ ငွေကြေးစင်တာဖြစ်သည့် ဟောင်ကောင်ဒေသအား ဆက်လက်ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခြင်းဖြင့် ဟောင်ကောင်ဒေသ၌ ရင်းနှီးမြှုပ်နှံသူများ ၏ စိုးရိမ်ပူပမ်မှုများအား ဖယ်ရှားပေးခဲ့ကြောင်း၊ ပေကျင်းအနေဖြင့် ဟောင်ကောင်ဒေသအား ငွေကြေးအချက်အချာကျသည့် ဒေသအဖြစ် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း၊ ဟောင် ကောင်ဒေသရှိ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးသွားမည်ဖြစ်ပြီး ဒေသ၏ သာယာဝပြောမှုမှာ ရေရှည်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအာဏာကို ပျက်စီးအောင်ပြုလုပ်ရာတွင် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ပါဝင်သည့် တရုတ်နှင့် ဟောင်ကောင်မှ တာဝန်ရှိသူများကို ကန့်သတ်တားမြစ်ပိတ်ဆို့မှုများကို ဝါရှင်တန်မှ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ကိုယ်ပိုင်အထူးအုပ် ချုပ်ခွင့်ရဒေသ မဟုတ်တော့ပါက ဟောင်ကောင်ဒေသသို့ ပေးထားသည့် အထူးအခွင့်အရေး များကို ပယ်ဖျက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၃၀-၅-၂၀၂၀ ရက်နေ့ တွင်ပြော ကြားခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ရှန်ဟိုင်းအား နိုင်ငံတကာငွေကြေးစင်တာဖြစ်ရမည်ဟု ကြေညာခဲ့သော်လည်း ငွေကြေးစီးဆင်းမှုများမှာ တရုတ်၏ တင်းကြပ်သော ထိန်းချုပ်မှုအောက် တွင်သာ ရှိနေသေးကြောင်း၊ ဟောင်ကောင်အနေဖြင့် တရုတ်နိုင်ငံပြင်ပရှိ အကြီးမားဆုံးသော တရုတ်ငွေယွမ်ငွေကြေးစင်တာအဖြစ်ရှိပြီး တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအခွင့်အလမ်း အဓိကဂိတ်အနေဖြင့် တည်ရှိနေကြောင်း၊ နိုင်ငံတကာငွေကြေးစင်တာဖြစ်သည့် ဟောင်ကောင် ဒေသတွင် အတွေ့အကြုံကြွယ်ဝမှုနှင့် အဓိကအခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်နိုင်သည့် အရည်အသေွးလည်း အပြည့်အဝရှိကြောင်း၊ ယခုလက်ရှိတွင် ရှန်ဟိုင်းအား နိုင်ငံတကာ ငွေ ကြေးစင်တာအဖြစ်‌ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဟောင်ကောင်နှင့် ရှန်ဟိုင်းတို့အကြား ဒေသနှစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာအောင် အချင်းချင်း ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

ရင်းမြစ် : South China Morning Post  (18-6-2020)

Category: International News