ဈေးကွက်ဈေးနှုန်း

International Commission of Jurists (ICJ) အဖွဲ့အား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် မှ လက်ခံတွေ့ဆုံ

Last Updated:

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်စိုး အား International Commission of Jurists (ICJ) မှ ပြည်တွင်း ဥပဒေ ကျွမ်းကျင်သူ ဦးဟေမာန်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ က လာရောက်တွေ့ဆုံခဲ့ပါသည်။

ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် နေ့တွင် ကျင်းပပြု လုပ်မည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ အလားအလာနှင့် စိန်ခေါ်မှုများဖိုရမ်ကိစ္စ၊ အထူးစီးပွား ရေးဇုန်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။