ဇန်နဝါရီလဒုတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်သို့ပဲစင်းငုံအသစ်များအနည်းအငယ်ဝင်ရောက်လျက်ရှိကြောင်း၊ ပို့ကုန်ပဲများဖြစ်သည့်ပဲစင်းငုံနှင့်မတ်ပဲများမှာအရောင်းအဝယ်သွက်နေကြောင်း သိရသည်။
ပဲစင်းငုံ (နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၁၀၀၀ မှ ၂၆၂၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၄၈၀၀၀မှ ၂၆၀၀၀၀၊ ယခင်လ ၂၄၅၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၁၃၀၀၀ ခန့်၊ ယခင်လထက် ကျပ် ၁၆၀၀၀ မှ ၁၇၀၀၀ ခန့် ဈေးမြင့်လာသည်။
ပဲစင်းငုံ(ဖြူ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၁၀၀၀၀ မှ ၂၂၀၀၀၀၊ ယခင်တစ်ပတ် ၂၁၅၀၀၀ ကျပ်၊ ယခင်လ ကျပ် ၂၁၀၀၀၀ မှ ၂၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့် ၅၀၀၀ ကျပ်ဈေးမြင့်လာပြီး၊ အမြင့်စ ၅၀၀၀ကျပ် ခန့် ဈေးမြင့်လာကာ ၊ ယခင်လအတိုင်း ဈေးငြိမ်လျက်ရှိသည်။
မတ် (ကျောက်ရစ်) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၃၀၀၀မှ ၂၆၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၅၀၀၀၀ မှ ၂၅၂၀၀၀၊ ယခင်လ ကျပ် ၂၅၈၀၀၀မှ ၂၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀ မှ ၈၀၀၀ ခန့် ဈေးမြင့်လာကာ၊ ယခင်လထက် အနိမ့်စ ၅၀၀၀ ကျပ် ခန့် ဈေးနိမ့်လာပြီး အမြင့်စ ဈေးငြိမ်လျက်ရှိသည်။
မတ်ပဲ(အညာ)၆၀ပိဿာ ဝင်သုံးတင်တစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၁၀၀၀၀မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၉၀၀၀၀မှ ၂၁၅၀၀၀၊ ယခင်လ ကျပ် ၁၉၀၀၀၀ မှ ၂၄၂၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၂၀၀၀၀မှ ၂၅၀၀၀နှင့် ယခင်လထက် အနိမ့်စ ၂၀၀၀၀ ကျပ်ခန့် ဈေးမြင့်လာပြီး၊ အမြင့်စ ၂၀၀၀ ကျပ်ခန့်ဈေးနိမ့်လာသည်။