Local News

ကုလားပဲဈေးကွက်အခြေအနေ

Last Updated:

မေလဒုတိယပတ်၌မန္တလေးကုန်စည်ဒိုင်တွင်ပြည်တွင်းသုံးကုလားပဲများအရောင်းအဝယ်ပုံမှန ရှိနေကြောင်းသိရသည်။

ကုလားပဲ(V2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်၂၂၃၀၀၀မှ ၂၂၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၂၁၀၀၀ မှ ၂၂၃၀၀၀ ၊ ယခင်လကျပ် ၂၂၃၀၀၀မှ ၂၃၅၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ၂၀၀၀ကျပ် ဈေးမြင့်လာပြီး၊ ယခင်လထက် အနိမ့်စ ဈေးငြိမ်နေကာ အမြင့်စ ၁၀၀၀၀ခန့်  ဈေးနိမ့်လာသည်။

ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်  ကျပ် ၂၂၆၀၀၀မှ ၂၂၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၂၃၀၀၀မှ ၂၂၅၀၀၀၊ ယခင်လ ကျပ် ၂၃၃၀၀၀မှ ၂၃၅၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ် ထက် ကျပ် ၂၀၀၀ မှ ၃၀၀၀ဈေးမြင့်လာပြီး ၊ယခင်လထက် ကျပ် ၇၀၀၀မှ ၈၀၀၀ ခန့်ဈေးနိမ့်လာသည်။

ကုလားပဲ(ထိုင်ဝမ်)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်၂၁၄၀၀၀ မှ ၂၁၅၀၀၀၊ ယခင်တစ်ပတ် ၂၁၃၀၀၀ ကျပ်၊ ယခင်လ ၂၂၀၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၀၀၀မှ ၂၀၀၀ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၅၀၀၀မှ ၆၀၀၀ ခန့် ဈေးနိမ့် လာသည်။

ကုလားပဲ(၉၂၉) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၊ ယခင်တစ်ပတ် ၂၂၂၀၀၀ကျပ် ၊ ယခင်လ ကျပ် ၂၂၇၀၀၀ မှ ၂၃၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ် နေပြီး၊ ယခင်လထက် ကျပ် ၅၀၀၀မှ ၁၃၀၀၀ ခန့် ဈေးနိမ့်လာသည်။

Category: Local News