Local News

ပို့ကုန်ပဲများ ဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင်ပို့ကုန်ပဲများဖြစ်သည့်ပဲစင်းငုံ၊ပဲတီစိမ်းနှင့်မတ်ပဲများမှာအဝယ်အေးပြီး ဈေးအေးနေကြောင်းသိရသည်။

ပဲစင်းငုံ( နီ) ၆၀ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်၂၈၀၀၀၀မှ ၂၈၁၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၇၈၀၀၀ မှ ၂၈၀၀၀၀ ၊ ယခင်လ ၂၈၅၀၀၀ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀မှ ၂၀၀၀ခန့် ဈေးမြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၄၀၀၀မှ ၅၀၀၀ခန့်  ဈေးနိမ့်လာသည်။

ပဲစင်းငုံ(ဖြူ) ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၊ ယခင်တစ်ပတ် ကျပ် ၂၄၇၀၀၀မှ ၂၅၀၀၀၀၊ ယခင်လ ၂၅၅၀၀၀ကျပ် ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး ၊ယခင်လထက် ကျပ် ၅၀၀၀မှ ၈၀၀၀ဈေးနိမ့်လာသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၇၀၀၀၀ မှ ၃၈၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၇၀၀၀၀မှ ၃၈၀၀၀၀၊ ယခင်လ  ကျပ် ၂၈၀၀၀၀မှ ၃၁၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် အနိမ့်စဈေးငြိမ်နေပြီး အမြင့်စ ၅၀၀၀ကျပ်ဈေးမြင့် တက်လာကာ၊ ယခင်လထက် ကျပ် ၇၅၀၀၀မှ ၉၀၀၀၀ ခန့်ဈေးမြင့်တက်လာသည်။

မတ်ပဲ(ကျောက်ရစ်)(၆၀) ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၈၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၇၈၀၀၀ကျပ်၊ ယခင်လ ကျပ် ၂၈၄၀၀၀ မှ ၂၈၅၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၂၀၀၀ ကျပ်ဈေးမြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၄၀၀၀မှ ၅၀၀၀ ခန့် ဈေးနိမ့်လာသည်။

Category: Local News