Local News

မြေပဲဆန်များ အရောင်းအဝယ်အေးပြီး ဈေးနိမ့်လာ

Last Updated:

ဩဂုတ်လဒုတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌မြေပဲကို စားသုံးဆီကြိတ်ခွဲရန်အတွက်ဆီစက်လုပ်ငန်းရှင်များမှဝယ်ယူမှုနည်းလာခြင်းကြောင့် အရောင်းအဝယ်အေးပြီး ဈေးနိမ့်လာကြောင်းသိရသည်။

S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၇၀၀ မှ ၇၈၀၀၊ ယခင်တစ်ပတ် ကျပ် ၈၁၀၀မှ ၈၄၀၀၊ ယခင်လ ကျပ် ၉၃၀၀မှ ၉၄၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၀၀မှ ၆၀၀၊ ယခင်လ ၁၆၀၀ ကျပ် ခန့်ဈေးနိမ့်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၆၄၀၀ မှ ၇၃၀၀၊ ယခင်တစ်ပတ် ကျပ်  ၆၅၀၀ မှ ၆၈၀၀ ၊ ယခင်လ ကျပ်  ၈၅၀၀ မှ ၈၉၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၁၀၀ကျပ်ဈေးနိမ့်လာပြီး၊ အမြင့်စ၅၀၀ကျပ်ဈေးမြင့်လာကာ၊ ယခင်လထက် ကျပ် ၁၆၀၀မှ၂၁၀၀ ခန့်ဈေးနိမ့်လာသည်။       

အနီလုံးဆန် တစ်ပိဿာလျှင်  ယခုတစ်ပတ် ကျပ်  ၇၃၅၀ မှ ၇၅၀၀ ၊ ယခင်တစ်ပတ် ကျပ်  ၇၄၀၀ မှ ၈၂၀၀ ၊ ယခင်လ ကျပ်  ၉၂၀၀ မှ ၉၃၀၀  ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ၇၀၀ ကျပ် ၊ ယခင်လထက် ကျပ်   ၁၈၀၀ မှ ၁၈၅၀ ခန့်ဈေးနိမ့်လာသည်။

အနီဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၆၃၀၀မှ ၆၅၀၀ ၊ ယခင်တစ်ပတ် ကျပ်  ၆၆၀၀ မှ ၆၅၀၀ ၊ ယခင်လ ကျပ် ၈၄၀၀ မှ ၈၆၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ၃၀၀ကျပ်   ၊ ယခင်လထက်  ၂၁၀၀ ကျပ် ခန့်ဈေးနိမ့်လာခဲ့သည်။                  

Category: Local News