Local News

မြေပဲဆန်များ ဈေးမြင့်တက်လာ

Last Updated:

ဇန်နဝါရီလဒုတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌မြေပဲဆီဆန်များအဝင်နည်းပြီး ဈေးမြင့်တက်လာကာအရောင်းအဝယ်သွက်နေကြောင်းသိရသည်။

မြေပဲဆန်ဈေးနှုန်းများမှာ-

S1လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၇၀၀မှ ၉၈၀၀၊ ယခင်တစ်ပတ် ကျပ် ၈၇၀၀ မှ ၉၃၀၀၊ ယခင်လ ကျပ် ၈၃၀၀ မှ ၈၈၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀မှ ၁၀၀၀၊  ယခင်လထက် ကျပ် ၁၀၀၀ မှ ၁၄၀၀ ခန့် ဈေးမြင့်တက်လာသည်။

S1လုံးဆန်(မြင်းမူ)တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၁၀၃၀၀မှ ၁၀၅၀၀၊ ယခင်တစ်ပတ် ကျပ် ၉၂၀၀ မှ ၉၃၀၀၊ ယခင်လ ကျပ် ၈၇၀၀ မှ ၈၈၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၁၀၀မှ ၁၂၀၀၊  ယခင်လထက် ကျပ် ၁၆၀၀ မှ ၁၇၀၀ ခန့် ဈေးမြင့်တက်လာသည်။

S1ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၅၀၀ မှ ၉၇၀၀၊ ယခင်တစ်ပတ် ကျပ် ၈၅၀၀ မှ ၈၇၀၀၊ ယခင်လ ကျပ် ၇၇၀၀ မှ ၇၈၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၈၀၀ မှ ၁၈၅၀ ခန့် ‌ဈေးမြင့်တက်လာသည်။

M တွဲလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၈၀၀မှ ၉၉၀၀၊ ယခင်တစ်ပတ် ကျပ် ၈၉၀၀ မှ ၉၀၀၀၊ ယခင်လ ကျပ် ၈၃၀၀ မှ ၈၄၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၉၀၀ ကျပ်၊ ယခင်လထက် ၁၅၀၀ ကျပ် ခန့် ‌ဈေးမြင့်တက်လာသည်။

M တွဲဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၆၀၀မှ ၉၇၀၀၊ ယခင်တစ်ပတ် ကျပ် ၈၅၀၀ မှ ၈၆၀၀၊ ယခင်လ ကျပ် ၇၈၀၀ မှ ၈၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၁၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၇၀၀ မှ ၁၈၀၀ ခန့် ‌ဈေးမြင့်တက်လာသည်။

 အနီလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၅၀၀ မှ ၉၇၀၀၊ ယခင်တစ်ပတ် ကျပ် ၈၄၀၀ မှ ၈၆၀၀၊ ယခင်လ ကျပ် ၈၁၅၀ မှ ၈၂၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၁၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၃၅၀ မှ ၁၅၀၀ ခန့် ဈေးမြင့်တက်လာသည်။

အနီဆီဆန်(ရှမ်း) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၃၀၀ မှ ၈၉၀၀၊ ယခင်တစ်ပတ် ကျပ် ၈၂၀၀ မှ ၈၅၀၀၊ ယခင်လ ကျပ် ၇၃၀၀ မှ ၇၄၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၄၀၀၊ ယခင်လထက် ကျပ် ၁၀၀၀ မှ ၁၅၀၀ ခန့် ဈေးမြင့်တက်လာသည်။

ပြန့်ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၇၀၀ မှ ၁၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၈၆၀၀ မှ ၈၇၅၀၊ ယခင်လ ကျပ် ၇၈၀၀ မှ ၈၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၁၀၀မှ ၁၂၅၀၊ ယခင်လထက် ၁၉၀၀ ကျပ် ခန့် ဈေးမြင့်တက်လာသည်။

Category: Local News