မန္တလေးတိုင်းအတွင်းမြို့နယ်များရှိကြက်သွန်နီဈေးကွက်အခြေအနေမှာမိုးကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်တွင် ဈေးကောင်းရနေပြီး အရောင်းအဝယ်သွက်နေကြောင်း သိရသည်။
မန္တလေးကြက်သွန်နီဈေးကွက်တွင် လက်ကားဈေးနှုန်း ကျပ် ၂၈၀၀မှ ၃၂၀၀၊ လက်လီ ဈေးနှုန်း ကျပ် ၂၅၀၀မှ ၃၅၀၀ ခန့်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကျောက်ဆည် ကြက်သွန်နီ ဈေးကွက်တွင် တောဝယ်ဈေးနှုန်း ကျပ် ၂၈၀၀ မှ ၄၀၀၀ ခန့်ရှိကြောင်းသိရသည်။
မြင်းခြံကြက်သွန်နီဈေးကွက်တွင် တောဝယ်ဈေးနှုန်း ကျပ် ၂၀၀၀မှ ၂၅၀၀ခန့်ရှိပြီး၊ တစ်ပတ် အတွင်း ကြက်သွန်နီအဝင် ပိဿာ ၈၀၀၀၀ နှင့် ၁၀၀၀၀၀ ခန့်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။