Local News

မန္တလေးကုန်စည်ဒိုင်ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

ဇူလိုင်လဒုတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်တွင် ပဲတီစိမ်း(အညာ) ယခင်တစ်ပတ်က ဝယ်လို အားအေး၍ ဈေးဆက်တိုက် ကျဆင်းခဲ့ရာမှ ယခုတစ်ပတ်တွင် ပြည်ပဈေးကွက်မှ ဝယ်ယူမှုရှိပြီး အရောင်းအဝယ် သွက်လာသောကြောင့် ပဲတီစိမ်းမှာ ယခင်တစ်ပတ်ထက် အနည်းငယ်မြင့်တက်လာ ပြီး၊ မတ်ပဲနှင့်  ပဲစဉ်းငုံမှာဝယ်လိုအားအေး၍ ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက် မှ သိရသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၇၄၀၀၀  ၊ ယခင်တစ်ပတ် ကျပ် ၁၇၃၀၀၀ ၊ ယခင်လ ကျပ် ၁၅၀၀၀၀ မှ ၁၇၄၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀ ၊ ယခင်လထက် ကျပ် ၂၄၀၀၀ မြင့်တက်လာသည်။

မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၁၈၀၀၀ မှ ၂၁၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၂၀၀၀၀ မှ ၂၁၈၀၀၀၊ ယခင်လ ကျပ် ၂၅၀၀၀၀ မှ ၂၄၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၃၀၀၀ ၊ ယခင်လထက်ကျပ် ၂၅၀၀၀ မှ ၃၂၀၀၀ နိမ့်ကျလာသည်။

ပဲစဉ်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၀၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၀၅၀၀၀ ၊ ယခင်လ ကျပ် ၃၀၇၀၀၀ မှ ၃၀၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၂၀၀၀ နိမ့်ကျလာသည်။

Category: Local News