Local News

ပဲဖတ်၊နှမ်းဖတ်၊နေကြာဖတ် ဈေးနှုန်းအခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင်မြေပဲ၊နေကြာ၊ဆီကြိတ်ခွဲရာမှထွက်ရှိလာသည့်ဆီကြိတ်ဖတ်များကိုနေ့စဉ်ရောင်းဝယ်လျှက် ရှိသည်။မန္တလေးအနီးတဝိုက်မှထွက်ရှိသည့်ဆီကြိတ်ဖတ်များကိုမန္တလေးကုန်စည်ဒိုင်တွင်ဈေးကွက်တခုအဖြစ် ဈေးဖွင့်ရောင်းဝယ်ကြခြင်းဖြစ်သည်။မြေပဲ၊နှမ်း၊နေကြာကုန်ကြမ်းဈေးအနိမ့်အမြင့်နှင့်တိရစ္ဆာန်အစာဈေးကွက် ပေါ်မူတည်၍ဆီကြိတ်ဖတ်ဈေးကွက်ပြောင်းလဲဖြစ်ပေါ်ကြောင်း၊တိရစ္ဆာန်အစာတောင့်စက်ရုံများမှနေကြာဖတ်ကို အဓိကထားဝယ်ယူပြီး၊ငါးမွေးမြူရေးလုပ်ငန်းများမှပဲဖတ်၊နှမ်းဖတ်ကိုအဓိကထားဝယ်ယူကြောင်းသိရသည်။

ပဲဖတ်တစ်ပိဿာဈေးမှာယခုတစ်ပတ်တွင်ကျပ်၂၄၅၀မှ၂၅၀၀၊ယခင်တစ်ပတ်ကျပ်၂၆၀၀မှ၂၆၅၀၊ယခင်လ ကျပ်၃၀၀၀မှ၃၁၅၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၊ယခင်လထက်ကျပ်၅၅၀နိမ့်ကျလာသည်။

နှမ်းဖတ်တစ်ပိဿာဈေးမှာယခုတစ်ပတ်တွင်ကျပ်၂၄၀၀မှ၂၄၃၀၊ယခင်တစ်ပတ်ကျပ်၂၅၀၀မှ၂၅၅၀၊ယခင်လ ကျပ်၂၆၇၀မှ၂၇၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀မှ၁၂၀၊ယခင်လထက်ကျပ်၂၇၀နိမ့်ကျလာသည်။

နေကြာဖတ်တစ်ပိဿာဈေးမှာယခုတစ်ပတ်တွင်ကျပ်၁၈၅၀မှ၁၉၀၀၊ယခင်တစ်ပတ်ကျပ်၁၈၀၀မှ၁၈၅၀၊ယခင်လကျပ်၂၀၅၀မှ၂၁၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၊ယခင်လထက်ကျပ်၂၀၀နိမ့်ကျလာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

         

Category: Local News