Local News

ကုလားပဲမျိူစုံ လက်ကျန်နည်းပြီး အရောင်းအဝယ်ပုံမှန်ရှိနေ

Last Updated:

ယခုတစ်ပတ်မန္တလေးကုန်စည်ဒိုင်တွင်ပြည်တွင်းသုံးပဲဖြစ်သည့်ကုလားပဲမျိုးစုံမှာလက်ကျန်နည်းပြီးအရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။

ကုလားပဲ(V2) ၅၇.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၄၄၀၀၀ မှ၂၄၅၀၀၀၊ ယခင်တစ်ပတ်၂၄၂၀၀၀ ကျပ် ၊ယခင်လကျပ်၂၅၂၀၀၀ မှ၂၅၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၂၀၀၀ မှ ၃၀၀၀ခန့် ဈေးမြင့်လာပြီး၊ ယခင်လထက် ၈၀၀၀ ကျပ် ခန့်  ဈေးနိမ့်လာသည်။

ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၂၇၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၂၈၀၀၀ ကျပ်၊ ယခင်လ ကျပ် ၂၃၇၀၀၀ မှ ၂၃၈၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၁၀၀၀ ကျပ်၊ယခင်လထက်ကျပ် ၁၀၀၀၀မှ ၁၁၀၀၀ ခန့်ဈေးနိမ့်ကျလာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၂၈၀၀၀ မှ ၂၃၀၀၀၀၊ ယခင်တစ်ပတ် ၂၃၀၀၀၀ ကျပ်၊ ယခင်လ ကျပ် ၂၃၅၀၀၀မှ ၂၃၇၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ၂၀၀၀ ကျပ် ခန့် ဈေးနိမ့်ကျလာပြီး အမြင့်စ ဈေးငြိမ်နေကာ ၊  ယခင်လထက် ၇၀၀၀ ကျပ် ဈေးနိမ့်လာသည်။

ကုလားပဲ(၉၂၉) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၇၀၀၀မှ ၂၃၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၃၅၀၀၀မှ ၂၃၆၀၀၀၊ ယခင်လ ကျပ် ၂၄၃၀၀၀ မှ ၂၄၅၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၂၀၀၀ ကျပ် ခန့် ဈေးနိမ့်ကျလာကာ ၊ ယခင်လ ထက် ကျပ် ၆၀၀၀ မှ ၇၀၀၀ ခန့် ဈေးနိမ့်လာသည်။

Category: Local News