Local News

မန္တလေးကုန်စည်ဒိုင် နှမ်းမျိုးစုံဈေးနှုန်း ဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်ရောက်မှု နည်းလာကြောင်းသိရသည်။ နှမ်းမျိုးစုံဈေးကွက်တွင် နှမ်းဖြူနှင့် နှမ်းနက် (စမုံ) ဈေး အနည်းငယ်မြင့်တက်နေပြီး၊ နှမ်းညိုဈေးအေး နေခြင်းမှာ ပြည်တွင်းဈေးကွက် ဝယ်ယူမှုအေးခြင်း ကြောင့် ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၀၀၀၀ မှ ၃၅၅၀၀၀ ၊ ၊ယခင်တစ်ပတ်ကျပ် ၃၁၀၀၀၀ မှ ၃၅၅၀၀၀ ၊ ယခင်လကျပ်  ၂၉၅၀၀၀ မှ ၃၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ၁၅၀၀၀ မှ၂၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၂၀၀၀၀ မှ ၃၄၀၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၃၀၀၀၀၊ ယခင်လကျပ် ၃၂၀၀၀၀ မှ ၃၄၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ ၊ ယခင်လထက်ကျပ် ၅၀၀၀ နိမ့်ကျ လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၆၀၀၀၀ မှ ၃၆၅၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၃၆၀၀၀၀ မှ ၃၆၅၀၀၀၊ ယခင်လကျပ် ၃၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ မြင့်တက်လာသည်။

နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ၊ ယခင်လကျပ် ၂၈၀၀၀၀ မှ ၂၈၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ ၊ ယခင်လထက်ကျပ်  ၁၀၀၀၀ နိမ့်ကျလာသည်။

Category: Local News