Local News

မြေပဲဆံအရောင်းအဝယ်ဖြစ်မှု အခြေအနေ

Last Updated:

ဧပြီလနောက်ဆုံးပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ မြေပဲဆံများ အဝင်နည်းသော်လည်း အရောင်းအဝယ်သွက်နေကြောင်း သိရသည်။

S1 လုံးဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ၁၁၈၀၀ ကျပ်၊ ယခင်တစ်ပတ် ၁၁၅၀၀ ကျပ်၊ ယခင်လ ၁၂၅၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၃၀၀ ကျပ် ခန့်ဈေးမြင့်တက်လာပြီး၊ ယခင်လထက် ၇၀၀ ကျပ် ခန့်ဈေးပြန်ကျဆင်းသွားပါသည်။

S1 ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ၁၁၅၀၀ ကျပ်၊ ယခင်တစ်ပတ် ၁၁၃၀၀ ကျပ်၊ ယခင်လ ၁၁၅၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀ ကျပ်ခန့် ဈေးမြင့်တက်လာပြီး၊ ယခင်လအတိုင်းဈေးငြိမ်နေပါသည်။

အနီလုံးဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ၊ ယခင်တစ်ပတ် ၁၁၃၀၀ ကျပ်၊ ယခင်လ ၁၁၅၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ၂၀၀ ကျပ်ခန့် ဈေးကျဆင်းသွားပါသည်။

ပြန့်လုံးဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ၁၁၅၀၀ ကျပ်၊ ယခင်တစ်ပတ် ၁၂၀၀၀ ကျပ်၊ ယခင်လ ၁၂၃၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀ ကျပ်၊ ယခင်လထက် ၈၀၀ ကျပ် ခန့်ဈေးကျဆင်းလာပါသည်။

ပြန့်ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ၁၁၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၁၁၃၀၀ ကျပ်၊ ယခင်လ ၁၁၈၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၃၀၀ ကျပ်၊  ယခင်လထက် ၈၀၀ ကျပ် ခန့် ဈေးကျဆင်းလာကြောင်း တွေ့ရှိရပါသည်။

Category: Local News