Local News

မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်မြေပဲဆန်အဝင်များ၍ဈေးအေးလာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့မန္တလေးအနီးတစ်ဝိုက်မှမြေပဲဆံအသစ်များဝင်ရောက်လျှက်ရှိပြီး၊မြေပဲအသစ်ပေါ်ချိန်ဖြစ်၍အဝင်များခြင်း၊စက်ပိုင်များမှဝယ်ယူမှုအေးခြင်းတို့ကြောင့်ဈေးအေးလာကြောင်း၊တရုတ်ဝယ်လက်မှလည်းအရည် အသွေးအလိုက်ဈေးပေးဝယ်ယူနေကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။ယခင်တစ်ပတ်ထက်မြေပဲဆန်တစ်ပိဿာလျှင်အနိမ့်ဆုံးကျပ်၃၀၀မှအမြင့်ဆုံး၈၀၀ထိနိမ့်ကျလာသည်။

မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာဈေးနှုန်းများမှာယခုတစ်ပတ်ကျပ်၇၆၀၀မှ၈၀၀၀၊ယခင်တစ်ပတ်ကျပ်၈၂၀၀မှ၈၃၀၀၊ယခင်လကျပ်၆၈၀၀မှ၇၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀မှ၆၀၀နိမ့်ကျလာပြီး၊ယခင်လထက်ကျပ်၈၀၀မှ ၁၀၀၀မြင့်တက်လာသည်။

မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၉၄၀၀မှ၉၇၀၀၊ယခင်တစ်ပတ်ကျပ်၁၀၂၀၀မှ၁၀၅၀၀၊ယခင်လကျပ် ၉၀၀၀မှ၉၅၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၈၀၀နိမ့်ကျလာပြီး၊ယခင်လထက်ကျပ်၂၀၀မှ၄၀၀မြင့်တက်       လာသည်။

S1ဆီဆန်တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၆၈၀၀မှ၆၉၀၀၊ယခင်တစ်ပတ်ကျပ်၆၈၀၀မှ၇၀၀၀၊ယခင်လကျပ်၆၂၀၀ မှ၆၈၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀နိမ့်ကျလာပြီး၊ယခင်လထက်ကျပ်၁၀၀မှ၆၀၀ မြင့်တက်လာသည်။

 

Category: Local News