ဒီဇင်ဘာလနောက်ဆုံးပတ်တွင်မန္တလေးကုန်စည်ဒိုင်၌မြေပဲဆီဆန်များ အရောင်းအဝယ်ပုံမှန်ရှိနေပြီး၊ မွေးမြူရေးအစာဖြစ်သည့်ဆီကြိတ်ဖတ်များမှာယခင်လများကဲ့သို့အရောင်းအဝယ်သွက်နေကြောင်း သိရသည်။
မြေပဲဆန်နှင့် ဆီကြိတ်ဖတ်ဈေးနှုန်းများမှာ-
မြေပဲဆန်(S1 လုံးဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၆၀၀မှ ၈၇၀၀၊ ယခင်တစ်ပတ် ကျပ် ၈၂၀၀ မှ ၈၇၀၀၊ ယခင်လ ကျပ် ၈၀၀၀ မှ ၈၅၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၄၀၀ ကျပ် ခန့်ဈေးမြင့်လာပြီး၊ အမြင့်စ ဈေးငြိမ်လျက်ရှိကာ၊ ယခင်လထက် ကျပ် ၂၀၀ မှ ၆၀၀ ခန့် ဈေးမြင့်လာသည်။
မြေပဲဆန် (S1ဆီဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၁၅၀ မှ ၈၆၀၀၊ ယခင်တစ်ပတ်
ကျပ် ၈၁၀၀ မှ ၈၃၀၀၊ ယခင်လ ကျပ် ၇၅၀၀ မှ ၇၇၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀ မှ ၃၀၀ ခန့်၊ ယခင်လထက် ကျပ် ၆၅၀ မှ ၉၀၀ ခန့် ဈေးမြင့်လာသည်။
မြေပဲဆန် (အနီလုံးဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၂၅၀ မှ ၈၃၅၀၊ ယခင်တစ်ပတ် ကျပ် ၈၂၀၀ မှ ၈၃၀၀၊ ယခင်လ ကျပ် ၈၁၀၀ မှ ၈၃၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀ ကျပ် ခန့်၊ ယခင်လထက် ကျပ် ၅၀ မှ ၁၅၀ ခန့် ဈေးမြင့်လာသည်။
မြေပဲဆန် (အနီဆီဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၇၅၀ မှ ၈၀၅၀၊ ယခင်တစ်ပတ် ကျပ် ၇၆၀၀ မှ ၈၀၀၀၊ ယခင်လ ကျပ် ၇၄၅၀ မှ ၇၇၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀ မှ ၁၅၀ ခန့်၊ ယခင်လထက် ကျပ် ၃၀၀ မှ ၃၅၀ ခန့် ဈေးမြင့်လာသည်။
ပဲဖတ် ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၀၀၀ မှ ၇၀၅၀၊ ယခင်တစ်ပတ် ကျပ် ၇၀၀၀ မှ ၇၁၀၀၊ ယခင်လ ကျပ် ၆၈၅၀ မှ ၆၉၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ဈေးငြိမ် လျက်ရှိကာ အမြင့်စ ၅၀ ကျပ် ခန့်၊ ယခင်လထက် ကျပ် ၁၀၀ မှ ၁၅၀ ခန့်ဈေးမြင့်လာသည်။
နှမ်းဖတ် ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၄၅၀၀ မှ ၄၇၀၀၊ ယခင်တစ်ပတ် ကျပ် ၄၆၀၀ မှ ၄၇၀၀၊ ယခင်လ ကျပ် ၄၆၀၀ မှ ၄၈၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၁၀၀ ခန့် ဈေးနိမ့်လာပြီး အမြင့်စ ဈေးငြိမ်လျက်ရှိကာ၊ ယခင်လထက် ၁၀၀ ကျပ် ခန့် ဈေးနိမ့်လာသည်။
နေကြာဖတ် ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၃၅၀၀ မှ ၃၇၀၀၊ ယခင်တစ်ပတ် ကျပ် ၃၄၀၀ မှ ၃၆၀၀၊ ယခင်လ ကျပ် ၃၅၀၀ မှ ၃၇၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ ကျပ်ခန့် ဈေးမြင့်လာပြီး၊ ယခင်လအတိုင်း ဈေးငြိမ်လျက်ရှိသည်။