ဖေဖော်ဝါရီလပထမပတ်တွင်မန္တလေးကုန်စည်ဒိုင်၌မြေပဲဆန်များအဝင်နည်းပြီးဈေးတက်လာကာ အရောင်းအဝယ်သွက်နေကြောင်းသိရသည်။
မြေပဲဆန်ဈေးနှုန်းများမှာ-
S1လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၅၀၀မှ ၉၈၀၀၊ ယခင်တစ်ပတ် ကျပ် ၉၀၀၀မှ ၉၈၀၀၊ ယခင်လကျပ် ၈၄၀၀မှ ၉၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ၅၀၀ကျပ် ဈေးမြင့်လာပြီး အမြင့်စဈေးငြိမ်နေကာ၊ ယခင်လထက်ကျပ် ၈၀၀မှ ၁၁၀၀ခန့်ဈေးမြင့် တက်လာ သည်။
S1ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၅၀၀ မှ ၉၀၀၀၊ ယခင်တစ်ပတ် ကျပ် ၈၉၀၀ မှ ၉၁၀၀၊ ယခင်လ ကျပ် ၈၃၅၀ မှ ၈၅၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၄၀၀ ဈေးနိမ့်လာပြီး၊ ယခင်လထက် ကျပ် ၁၅၀ မှ ၅၀၀ ခန့် ဈေးမြင့်တက်လာသည်။
အနီလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၇၀၀ မှ ၈၉၀၀၊ ယခင်တစ်ပတ် ကျပ် ၈၈၀၀ မှ ၉၀၀၀၊ ယခင်လ ကျပ် ၈၂၅၀ မှ ၈၃၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ ကျပ် ဈေးနိမ့်လာပြီး၊ ယခင်လထက် ကျပ် ၄၅၀ မှ ၅၅၀ ခန့် ဈေးမြင့်တက်လာသည်။
အနီဆီဆန်(ရှမ်း) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၈၃၀၀ မှ ၈၅၀၀၊ ယခင်တစ်ပတ် ကျပ် ၈၁၀၀ မှ ၈၄၀၀၊ ယခင်လ ကျပ် ၇၈၀၀ မှ ၈၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀၊ ယခင်လထက် ကျပ် ၄၀၀ မှ ၅၀၀ ခန့် ဈေးမြင့်တက်လာသည်။
ပြန့်ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၂၀၀ မှ ၉၅၀၀၊ ယခင်တစ်ပတ် ကျပ် ၉၃၀၀ မှ ၉၄၀၀၊ ယခင်လ ကျပ် ၈၅၅၀ မှ ၈၆၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ကျပ်ခန့် အတက်အကျရှိပြီး၊ ယခင်လထက် ကျပ် ၆၅၀မှ ၈၅၀ ခန့် ဈေးမြင့်တက်လာသည်။