Local News

လက်ကျန်နည်းပြီး ဈေးကောင်းရနေသည့် စားတော်ပဲနှင့် ပဲကြီး

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင်ဩဂုတ်လပထမပတ်၌ပဲမျိုးစုံနှင့်ဆီထွက်သီးနှံမျိုးစုံများမှ အရောင်းအဝယ်အေးဈေးအေးနေကြောင်း၊စားတော်ပဲနှင့်ပဲကြီးတို့မှာလက်ကျနည်းနေပြီးဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ 

စားတော်ပဲ(ကျွန်း) ၅၉.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၆၃၀၀၀၀မှ ၆၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၀၀၀၀၀မှ ၆၃၀၀၀၀၊ ယခင်လ ကျပ် ၅၂၀၀၀၀မှ ၅၄၀၀၀၀ဖြစ် သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀၀မှ ၃၀၀၀၀၊ ယခင်လထက် ကျပ် ၁၁၀၀၀၀ ခန့်ဈေးမြင့် တက်လာသည်။

စားတော်ပဲ(ကနေဒါ) ၅၉.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၅၀၀၀၀ မှ ၅၆၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၃၅၀၀၀ မှ ၅၄၅၀၀၀၊ ယခင်လ ကျပ် ၄၂၅၀၀၀ မှ ၄၄၀၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ၁၅၀၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၂၀၀၀ မှ ၁၂၅၀၀၀ ခန့် ဈေးမြင့် တက်လာသည်။ 

ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၈၀၀၀၀ မှ ၄၀၀၀၀၀၊ ယခင်တစ်ပတ် ၃၆၀၀၀၀ ကျပ်၊ ယခင်လ ကျပ် ၃၂၅၀၀၀ မှ ၃၃၀၀၀၀ဖြစ်သည်။ ယခင် တစ်ပတ်ထက်  ကျပ် ၂၀၀၀၀ မှ ၄၀၀၀၀၊ ယခင်လထက် ကျပ် ၅၅၀၀၀မှ ၇၀၀၀၀ ခန့်ဈေးမြင့် တက်လာသည်။ 

ပဲကြီး(လတ်) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၄၀၀၀၀ မှ ၃၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၃၀၀၀၀ မှ ၃၅၀၀၀၀၊ ယခင်လ ကျပ် ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀၊ ယခင်လထက် ကျပ် ၃၀၀၀၀ မှ ၅၅၀၀၀ ခန့် ဈေးမြင့်တက်လာသည်။ 

ပဲကြီး(သေး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၀၀၀၀၀မှ ၃၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀မှ ၃၁၀၀၀၀၊ ယခင်လ ကျပ် ၂၇၀၀၀၀မှ ၂၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၁၀၀၀၀မှ ၂၀၀၀၀၊ ယခင်လထက် ကျပ် ၃၀၀၀၀မှ ၄၀၀၀၀ ခန့် ဈေးမြင့် တက်လာသည်။ 

Category: Local News