၂၀၂၆ခုနှစ်၊နှစ်ဦးပိုင်းဇန်နဝါရီလပထမပတ်တွင်မန္တလေးကုန်စည်ဒိုင်၌နှမ်းမျိုးစုံအရည်အသွေးပေါ်မှုတည်ပြီးအရောင်းအဝယ်ဖြစ်နေကြောင်း၊ဈေးနှုန်းမြင့်တက်လာပြီးအရောင်းအဝယ်သွက်နေကြောင်း သိရသည်။
နှမ်းနက်(စမုံ)၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၆၆၅၀၀၀ မှ ၇၃၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၆၀၀၀၀မှ ၇၁၅၀၀၀၊ ယခင်လ ကျပ် ၆၈၀၀၀၀ မှ ၇၅၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၁၅၀၀၀ ခန့် ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ခန့် ဈေးနိမ့်လာသည်။
နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀၊ ယခင်တစ်ပတ် နှင့် ယခင်လ ကျပ် ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် နှင့် ယခင်လထက် ၁၅၀၀၀ ကျပ် ခန့် ဈေးမြင့်လာသည်။
နှမ်းဖြူ(ဗမာ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၀၀၀၀မှ ၃၀၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၅၀၀၀ မှ ၂၇၀၀၀၀၊ ယခင်လ ကျပ် ၂၆၅၀၀၀မှ ၂၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် နှင့် ယခင်လထက် ကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ခန့် ဈေးမြင့်လာသည်။
နှမ်ညို ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၅၀၀၀မှ ၃၁၀၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၆၅၀၀၀မှ ၂၈၀၀၀၀၊ ယခင်လ ကျပ် ၂၆၀၀၀၀မှ ၂၇၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ ခန့်၊ ယခင်လထက် ကျပ် ၁၅၀၀၀ မှ ၃၅၀၀၀ ခန့် ဈေးမြင့်လာသည်။