စားတော်ပဲကိုအောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင်စိုက်ပျိုးပြီးဖေဖော်ဝါရီလမှဧပြီလအထိထွက်ပေါ်လေ့ရှိသည်။ ဇူလိုင်လ ဒုတိယပတ်တွင် မန္တလေးကုန်စည်သို့ စားတော်ပဲကို ကနေဒါနှင့် ကျွန်းပဲများဝင်ရောက်မှုရှိပြီး ပစ္စည်းအဝင်နည်းကာ ဝယ်လိုအားများနေကြောင်း၊ အရောင်းအဝယ်သွက်ပြီး ဈေးတက်လာကြောင်း သိရသည်။
စားတော်ပဲ(ကနေဒါ) ၅၉.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၄၀၀၀၀ မှ ၄၄၅၀၀၀၊ ယခင်တစ်ပတ် ၄၁၀၀၀၀ ကျပ်၊ ယခင်လ ကျပ် ၃၇၅၀၀၀ မှ ၃၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀၊ ယခင်လထက် ကျပ် ၆၅၀၀၀မှ ၉၅၀၀၀ မြင့်တက် လာသည်။
စားတော်ပဲ(ကျွန်း)၅၉.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၂၀၀၀၀ မှ ၅၃၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၄၉၅၀၀၀မှ ၅၂၀၀၀၀၊ ယခင်လ ကျပ် ၄၈၀၀၀၀မှ ၅၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၂၅၀၀၀၊ ယခင်လထက် ကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာသည်။