Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

       နိုဝင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းများ အဝင်များ၍  နှမ်းဖြူ၊ နှမ်းဝါ၊ မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးငြိမ်နေပြီး  နှမ်းညို၊ နှမ်းနက် ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၉၃၀၀၀ - ၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၅၀၀၀-၁၀၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၁၀၀၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း လျှင် (၉၂၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၃၀၀၀-၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၀၅၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၀၀၀၀-၁၀၅၀၀၀) ကျပ် ရှိနေကြောင်းသိရသည်။

          ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀) ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၅၅၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀) ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၅၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ ဈေးငြိမ်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၁၅၀၀-၁၂၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၅၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာ(နယ် - ၂၄၂၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၃၀၀ )ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၇၀၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News