Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ၊   မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများငြိမ်နေပြီး နှမ်းနက်၊ နှမ်းညို၊ နှမ်းဝါဈေးနှုန်းများ ဈေးမြင့်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညို တစ်တင်းလျှင် (၉၃၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၄၀၀၀-၁၁၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၈၀၀၀- ၁၁၈၀၀၀) ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၈၉၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၈၉၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၅၀၀၀-၁၁၀၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀ -၁၁၆၀၀၀) ကျပ်ရှိ၍ ယခင်ပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်း သိရသည်။

    ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၂၅၀)ကျပ် မြေပဲဆီဆံဖြူ  တစ်ပိဿာ  (၅၈၅၀)  ကျပ်ရှိပြီး  ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၂၅၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၈၅၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲဆီဆံဖြူ ဈေးငြိမ်နေပြီး မြေပဲလုံးဆံဖြူမှာ ဈေးအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ  (၁၂၀၀၀)ကျပ် ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၄၆၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၅၀ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၅၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News