Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ ပထမပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား ဈေးငြိမ်၍  ပဲတီစိမ်းကြီး/သေး၊ ပဲစဉ်းငုံ၊ CP ပြောင်းဖူးစေ့ ၊ ပြောင်းနီ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ကုလားပဲထိုင်ဝမ်နှင့် ကုလားပဲ 929 ဈေးနှုန်းများ ဈေးမြင့်တက်နေပြီး၊ ပဲကြီး၊ မတ်ပဲ၊ ပဲလွန်းဖြူး ဈေးကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀) ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၂၃၀၀၀)ကျပ်၊ မတ်ပဲ (၉၃၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၀၀၀၀-၅၉၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၅၀၀၀- ၄၉၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၄၈၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀-၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၀၀၀) ကျပ်၊  CP ပြောင်းဖူးစေ့ (၁၈၅၀၀) ကျပ်၊ ပြောင်းနီး (၂၅၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၅၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၆၀၀၀)ကျပ်၊ ကုလားပဲ 929 (၉၅၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၉၃၅၀၀)ကျပ်၊ ပဲလွန်းပြာ (၆၆၀၀၀) ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၂၈၀၀၀) ကျပ်၊ မတ်ပဲ (၉၃၅၀၀-၉၆၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၈၀၀၀-၅၈၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၃၀၀၀- ၄၇၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၄၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀- ၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၃၀၀)ကျပ်၊ ပြောင်းနီး (၂၄၅၀၀) ကျပ်၊ ကုလားဖြူ လုံးကြီး (၉၃၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၄၅၀၀) ကျပ်၊ ကုလားပဲ 929 (၉၂၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၉၁၀၀၀) ကျပ်၊ ပဲလွန်းပြာ (၆၉၀၀၀) ကျပ်၊ ပဲလွန်းဖြူ (၅၅၀၀၀-၆၅၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းကြီး တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၀) ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်းလျှင်း (၁၅၀၀)ကျပ်၊ ကုလားပဲ  929 (၃၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း (၂၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်း (၃၀၀)ကျပ်နှုန်း  မြင့်တက်နေပြီး၊ ပဲကြီး တစ်တင်းလျှင် (၅၀၀၀) ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၃၀၀၀) ကျပ်၊ပဲလွန်းဖြူ တစ်တင်း (၃၀၀၀)ကျပ်နှုန်းများ ကျဆင်းနေကြောင်းသိရသည်။

Category: Local News