Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

 ဩဂုတ်လပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ဈေးကွက်အခြေအနေမှာ  နှမ်းညိုနှင့် နှမ်းဖြူဈေးနှုန်းများ အနည်းငယ်မြင့်လာကာနှမ်းနက်ဈေးငြိမ်နေပြီး မြေပဲလုံးဆံနီဈေးနှုန်းများ ဈေးငြိမ်နေပြီး မြေပဲလုံးဆံဖြူတို့ ဈေးမြင့်တက်နေ ကြောင်းသိရသည်။ ယခုပတ်တွင်နှမ်းညို တစ်တင်းလျှင် (၉၄၅၀၀)ကျပ်၊  နှမ်းဖြူ တစ်တင်းလျှင် (၁၁၆၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ရှိပြီး ယခင်လကာလတူအချိန်ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၄၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါကနှမ်းညို တစ်တင်းလျှင် (၇၅၀၀)ကျပ်၊  နှမ်းဖြူ တစ်တင်းလျှင် (၂၀၀၀)ကျပ်‌ ဈေးအနည်းငယ်မြင့်ကာ နှမ်းနက်ဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။

         မုံရွာကုန်စည်ဒိုင်၏ ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၉၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၂၀၀)ကျပ်ရှိပြီး ယခင်လကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၉၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀-၇၀၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီဈေးငြိမ်နေကာ  မြေပဲလုံးဆံဖြူ ဈေးအနည်းငယ်မြင့်တက်နေကြောင်းသိ ရသည်။ ယခုအပတ်တွင်း ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၂၅၀၀ကျပ် ပေါက်ဈေးရှိပါသည်။

MT-Monywa

Category: Local News