Local News

ကြက်သွန်နီဈေးကွက်အခြေအနေ

Last Updated:

    မေလဒုတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများနေ့စဉ်ပိဿာချိန် (၂၀၀၀၀)ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိ ကြောင်းသိရသည်။

    ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီပေါက်ဈေးနှုန်းများမှာ (၁)ပိဿာပေါက်ဈေးနှုန်းများမှာ လက်ကား(ကြီး) (၂၁၀၀-၂၀၀၀)ကျပ်၊ (လတ်) (၁၉၅၀-၁၈၀၀) ကျပ်၊ (သေး) (၁၇၅၀-၁၆၀၀)ကျပ် ပေါက်ဈေးရှိပြီးအလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ်မှုတည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီ ဈေးနှုန်းများမှာ (ကြီး) (၂၄၀၀- ၂၃၀၀)ကျပ်၊ (လတ်) (၂၂၀၀-၂၀၀၀)ကျပ်၊ (သေး) (၁၉၀၀- ၁၇၀၀)ကျပ် ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ(ဗမာ) (၇၀၀၀-၇၅၀၀)ကျပ်၊ (ရှမ်းစ) (၆၀၀၀-၆၅၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀-၆၀၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီးအသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News