Local News

ဆန်/စပါး ဈေးကွက်အခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း အရောင်းအဝယ် ဖြစ်နေသော စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (သစ်) စပါး တင်း (၁၀၀) ၅၇၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၂၂၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း  (သစ်) စပါး တင်း   (၁၀၀) ၃၃၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၁၅၀၀၀၀ကျပ်၊ ကလေး ဧရာမင်း (ဟောင်း) စပါး တင်း (၁၀၀) ၃၆၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၁၄၀၀၀၀ကျပ်၊ ကလေးဧရာမင်း  (သစ်) စပါး တင်း   (၁၀၀) ၃၀၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ကလေး ဧည့်မထ (ဟောင်း) စပါး တင်း (၁၀၀) ၃၁၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၁၀၀၀၀၀ကျပ်၊ ကလေး ဧည့်မထ (သစ်) စပါး တင်း (၁၀၀) ၂၅၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၈၅၀၀၀ ကျပ်၊ မုံရွာ ဧရာမင်း (ဟောင်း) စပါး တင်း (၁၀၀) ၃၅၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၁၇၅၀၀၀ ကျပ် မုံရွာ ဧရာမင်း (သစ်) စပါး တင်း (၁၀၀) ၃၃၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၁၆၀၀၀၀ ကျပ်နှင့် မနောသုခ (သစ်) စပါး တင်း (၁၀၀) ၂၂၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၉၅၀၀၀ကျပ်၊ ရွှေဝါထွန်း  စပါး တင်း (၁၀၀) ၂၂၀၀၀၀၀ကျပ်နှင့် ဆန် တစ်အိတ် ၆၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ယခင်လပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက  ယခုလတွင် ဆန်၊စပါးဈေးအနည်းမြင့်တက်လာ ကြောင်းသိရပါသည်။ ဆန်စက်များမှ အဝယ်ရှိခြင်း၊ လေှာင်လက် သမားများမှနယ်အထိပွဲစားများ လွတ်၍ ဝယ်ယူမှုရှိခြင်းနှင့် အောက်ပိုင်းမှအဝယ်များရှိခြင်းတို့ကြောင့် စပါးနှင့် ဆန်ဈေးများ အနည်း ငယ်မြင့်တက်လာကြောင်းသိရပါသည်။

 

 

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News