Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

စက်တင်ဘာလဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မိုးနှမ်းများလှိုင်လှိုင်ပေါ်သဖြင့် အဝင်များကာ ဈေးများအနည်းငယ်ကျနေပြီး မြေပဲလုံးဆံဖြူနှင့်ဆီဆံတို့ အဝင်နည်းသဖြင့် ဈေးအနည်းငယ် တက်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်း လျှင် (၉၅၀၀၀)ကျပ်၊နှမ်းဝါတစ်တင်းလျှင် (၁၀၁၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၉၇၀၀၀-၁၁၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀- ၁၁၅၀၀၀၀) ကျပ်ဖြစ်ကာယခင်ပတ်ကာလတူ အချိန်ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်း လျှင် (၁၀၄၅၀၀)ကျပ်၊နှမ်းဝါတစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၂၅၀၀၀-၁၃၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၉၅၀၀၀- ၁၁၅၀၀၀၀)ကျပ်ရှိနေကြောင်း သိရသည်။

ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၆၄၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (အသစ်-၇၅၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၆၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၂၀၀)ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆီဆံဖြူဈေး အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။ပဲဖတ်တစ်ပိဿာ(နယ်- ၃၃၄၀ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၆၀၀ )ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၉၈၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါ သည်။

Category: Local News