Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

    ဇွန်လဒုတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေ အနေမှာ နှမ်းညို၊ နှမ်းနက်နှင့် မြေပဲလုံးဆံနီ ဈေးနှုန်းများ ငြိမ်နေပြီး မြေပဲလုံးဆံဖြူ ၊ နှမ်းဖြူ၊ ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်း သိရသည်။ ယခုတစ်ပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၇၀၀၀-၁၁၅၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ) တစ်တင်းလျှင် (၁၀၈၀၀၀-၁၀၀၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက် ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၈၀၀၀) ကျပ်ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းနက်နှင့် နှမ်းညိုဈေးနှုန်းများ ငြိမ်နေပြီး နှမ်းဖြူ  တစ်တင်းလျှင် (၄၀၀)ကျပ် မြင့်တက်သွားကြောင်းသိရသည်။

      ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၈၀၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၈၀၀-၆၅၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၈၀၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ ဈေးငြိမ်နေပြီး ၊မြေပဲလုံးဆံဖြူ အနည်းငယ် မြင့်တက်သွားကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                                               ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News