Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

     ဇွန်လ ဒုတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာ ထွက်ကုန်သီးနှံများထဲမှ မတ်ပဲ၊ပဲတီစိမ်းသေး၊ ပဲနီလုံးကြားဈေးငြိမ်၍ ပဲတီစိမ်းကြီး ဈေးနှုန်းကျဆင်းသွားပြီး   ဂျုံဖြူသန့်၊ CPပြောင်းဖူးစေ့၊ ပဲနီလုံးရိုးရိုး၊၊ ၊ ပဲကြီး၊ ၊ ပဲစဉ်းငုံ၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲဖြူလုံးကြီး၊ 929ဈေးနှုန်းများ မြင့်တက်သွားသည်။ ဇွန်လဒုတိယပတ်တွင် သီးနှံများ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၄၀၀၀)ကျပ်၊ မတ်ပဲ (၇၇၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၅၈၀၀၀-၄၄၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၅၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀-၅၁၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၀၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင်  (၉၅၅၀၀) ကျပ်ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်း များမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၀၀၀) ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင်  (၁၀၁၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၆၁၀၀၀-၄၇၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး) (၄၅၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၅၀၀၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၉၂၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက မတ်ပဲ၊ ပဲတီစိမ်းသေး၊ ပဲနီလုံးကြား ဈေးငြိမ်၍ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၃၀၀၀)ကျပ် ဈေးအနည်း ငယ် ကျဆင်းနေပြီး ဂျုံဖြူသန့် တစ်တင်းလျှင် (၅၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၃၀၀၀)ကျပ် ၊မတ်ပဲ တစ်တင်းလျှင် (၄၀၀၀)ကျပ်နှင့် ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၀၀၀)ကျပ် မြင့်တက်နေကြောင်းသိရသည်။

     ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၉၁၅၀၀) ကျပ်၊ ကုလားပဲ ဖြူလုံးသေး   (၉၁၅၀၀) ကျပ်၊ 929  (၉၀၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် (၈၇၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၇၀၀၀)ကျပ်၊ 929  (၈၄၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929 တစ်တင်းလျှင် (၆၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၄၅၀၀)ကျပ်ဈေးနှုန်းများ မြင့်တက်သွားကြောင်းသိရသည်။ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၇၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၆၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက CPပြောင်းဖူးစေ့ ဈေးအနည်းငယ် မြင့်တက်သွားကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News