Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

 မတ်လဒုတိယအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက် ဈေးငြိမ်နေပြီး နှမ်းဖြူ၊ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းညို၊ မြေပဲလုံးဆံဖြူ/နီ ဈေးနှုန်းများပြန်လည်ဈေးကျဆင်းသွားကြောင်းသိရသည်။ ယခုတစ်ပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ နှမ်းနီ တစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၁၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ  နှမ်းဖြူ တစ်တင်းလျှင် (၁၀၆၀၀၀)ကျပ်၊နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ နှမ်းနီ တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၃၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းနက် ဈေးငြိမ်နေပြီး နှမ်းဖြူ၊ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းညို တစ်တင်းလျှင် (၁၀၀၀မှ၂၀၀၀)ကျပ်ခန့်ဈေးပြန်ကျလာကြောင်းသိရသည်။

          ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့်ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူတစ်ပိဿာ (၆၂၀၀)ကျပ်မြေပဲလုံးဆံနီ တစ်ပိဿာ (၆၈၀၀မှ၆၉၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၄၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၃၅၀)ကျပ်ရှိ ယခင်အပတ်ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့်နီ ဈေးနှုန်းများ တစ်ပိဿာ(၅၀၀)ခန့်ကျဆင်းသွားကြောင်းသိရသည်။ ယခုအပတ်ဆီဈေးနှုန်းမှာ ပဲဆီ တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၀၅၀၀ကျပ်ထိ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News