Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

       မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ပဲတီစိမ်းကြီး ဈေးငြိမ်၍ ပဲစဉ်းငုံ၊မတ်ပဲ၊ ပဲတီစိမ်းသေး၊ပဲကြီး၊ CP ပြောင်းဖူးစေ့၊ကုလားပဲဖြူ လုံးကြီး ၊ကုလားပဲဖြူ လုံးသေး၊ 929 မြင့်တက်နေပါသည်။ယခုတစ်ပတ်အတွင်း သီးနှံများ တစ်တင်း ပေါက်ဈေး နှုန်းများမှာ ပဲစဉ်းငုံ (၆၉၇၀၀)ကျပ်၊မတ်ပဲ (၆၂၀၀၀-၆၃၀၀၀)ကျပ်၊ပဲတီစိမ်းကြီး (၅၀၀၀၀)ကျပ်၊ပဲတီစိမ်းသေး (၄၂၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ပဲစဉ်းငုံ တစ်တင်းလျှင် (၆၈၅၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၅၉၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၄၅၀၀၀-၅၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၄၀၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာ၂လတူနှိုင်းယှဉ်ပါက ပဲတီစိမ်းကြီး ဈေးငြိမ်နေပြီး ပဲစဉ်းငုံ တစ်တင်းလျှင် (၁၂၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ပဲတီစိမ်း သေး တစ်တင်းလျှင် (၂၀၀၀)ကျပ် နှုန်းမြင့်တက် နေကြောင်းသိရသည်။ ယခုတစ်ပတ် ပဲကြီး တစ်တင်းလျှင် (၇၉၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ပဲကြီး တစ်တင်းလျှင် (၇၄၀၀၀-၇၇၀၀၀)ကျပ်ရှိ၍ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၃၀၀၀)ကျပ် မြင့်တက်ကြောင်းသိရသည်။

        ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး   (၆၆၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး  (၆၅၅၀၀)ကျပ်၊ 929  (၆၅၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၆၃၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၆၂၅၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၆၂၀၀၀)ကျပ်ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၃၅၀၀)ကျပ်နှုန်း မြင့်တက်နေကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၈၀၀)ကျပ်ရှိ ၍ ကာလတူနှိုင်းယှဉ်ပါက တစ်တင်းလျှင် (၅၀၀)ကျပ်နှုန်းမြင့်တက်ကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News