Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

              ဇူလိုင်လ ဒုတိယအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာ ထွက်ကုန်သီးနှံများထဲ မှ ပဲယင်းဝါ၊ ပုဂံပဲ၊ဂျုံဖြူသန့်၊ဂျုံထွက်တိုး၊မြေထောက်ပဲ(ဖြူ)၊ပဲနီလုံးကြား၊မြေထောက်ပဲ၊ပုဂံပဲ၊ပဲနီလုံးရိုးရိုးနှင့်ပဲပုတ်စေ့တို့ ဈေးငြိမ်၍ ပဲစဉ်းငုံ၊မတ်ပဲ၊ပဲတီစိမ်းကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲဖြူလုံးကြီး၊ 929ဈေးနှုန်းများ ကျဆင်းသွားပြီး၊ ပဲတီစီမ်းသေး၊ပဲကြီးတို့ ဈေးနှုန်းများမြင့်တက်သွားသည်။ ဇူလိုင်လ ဒုတိယအပတ်တွင်းသီးနှံများ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၇၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၉၇၅၀၀)ကျပ်၊ မတ်ပဲ (၆၉၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၅၄၅၀၀-၄၅၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၆၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၀၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) (၈၄၀၀၀)ကျပ်၊ပုဂံပဲ (၈၅၀၀၀)ကျပ်၊ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ပဲပုတ်စေ့ (၇၁၅၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင်  (၉၇၅၀၀) ကျပ်ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၇၀၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၉၉၂၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၇၂၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၅၆၀၀၀-၄၅၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး) (၄၅၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၅၀၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) (၈၄၀၀၀)ကျပ်၊ ပုဂံပဲ (၈၅၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ပဲပုတ်စေ့ (၇၁၅၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၉၆၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ပဲယင်းဝါ၊ပုဂံပဲ၊ဂျုံဖြူသန့်၊ဂျုံထွက်တိုး၊မြေထောက်ပဲ(ဖြူ)၊ပဲနီလုံးကြား၊မြေထောက်ပဲ၊ပုဂံပဲ၊ပဲနီလုံးရိုးရိုးနှင့်ပဲပုတ်စေ့ တို့ဈေးငြိမ်၍  ပဲတီစိမ်းကြီး တစ်တင်းလျှင် (၁၅၀၀)ကျပ်၊မတ်ပဲ တစ်တင်းလျှင် (၃၀၀၀)ကျပ်ပဲစဉ်းငုံ တစ်တင်းလျှင် (၁၇၀၀)ကျပ်နှုန်းကျဆင်းသွားပြီး  ပဲကြီးတစ်တင်းလျှင် (၅၀၀) ကျပ်နှင့်ပဲတီစိမ်းကြီးသေး တစ်တင်းလျှင် (၁၀၀၀)ကျပ် မြင့်တက်နေကြောင်းသိရသည်။

    ကုလားပဲ (မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး   (၈၃၀၀၀)ကျပ်၊ 929  (၈၃၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် (၈၄၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၄၅၀၀)ကျပ်၊ 929  (၈၄၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929 ၊ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီးဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၄၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်အပတ်တွင်း ကာလတူပေါက်ဈေးနှုန်းမှာ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၀၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက CPပြောင်းဖူးစေ့ဈေး ကျဆင်းသွားကြောင်းသိရပါသည်။

MT-Monywa

 

Category: Local News