Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲနီလုံးကြား၊ ပဲနီလုံးရိုးရိုး၊ ဈေးငြိမ်၍ ပဲကြီး၊ ပဲလွန်းပြာဈေးနှုန်းများမြင့်တက်နေပြီး၊ မတ်ပဲ၊ ပဲတီစိမ်းသေး၊ ပဲစဉ်းငုံ၊ ပဲယင်းဝါ၊ ပြောင်းဖူးစေ့၊ ပြောင်းနီ၊ကုလားပဲဖြူလုံးကြီး ၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ  929 ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး(သ) (၁၂၇၀၀၀) ကျပ်၊ မတ်ပဲ(၈၅၀၀၀-၉၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၁၀၀၀-၅၄၅၀၀)ကျပ်၊ ပဲစင်းငုံ (၁၂၁၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး(သ) (၆၈၅၀၀)ကျပ်၊ ပဲနီလုံးကြား (သ) (၇၅၀၀၀) ကျပ်၊ပဲယင်းဝါ (၅၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၉၈၀၀)ကျပ်၊ ပြောင်းနီ (၂၆၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး (၈၉၅၀၀)ကျပ်၊ ကုလားပဲဖြူလုံး သေး (၈၉၅၀၀)ကျပ်၊ ကုလားပဲ 929 (၈၅၅၀၀)ကျပ်၊ ပဲလွန်းပြာ (၇၆၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး(သ)(၁၁၅၀၀၀)ကျပ်၊ မတ်ပဲ (၁၀၃၀၀၀-၁၀၆၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၃၀၀၀-၆၄၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၃၅၀၀-၅၅၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၁၂၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၆၈၅၀၀)ကျပ်၊ ပဲနီလုံးကြား (၇၅၀၀၀) ကျပ်၊ ပဲယင်းဝါ (၅၆၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့(၂၀၅၀၀)ကျပ်၊ ပြောင်းနီ (၂၇၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၁၀၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၁၀၂၀၀၀) ကျပ်၊ ကုလားပဲ 929 (၉၅၅၀၀)ကျပ်၊  ပဲလွန်းပြာ (၇၅၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်း ယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၁၆၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၅၀၀) ကျပ်၊ပဲစဉ်းငုံ တစ်တင်းလျှင် (၈၀၀၀) ကျပ်၊ ပဲယင်းဝါ တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၇၀၀) ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်(၁၂၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေးတစ်တင်းလျှင် (၁၂၅၀၀)ကျပ်၊ ကုလားပဲ  929 (၁၀၀၀၀)ကျပ်နှုန်း ကျဆင်းနေပြီး ပဲကြီး တစ်တင်းလျှင် (၁၂၀၀၀)ကျပ်၊ ပဲလွန်းပြာ တစ်တင်း (၁၀၀၀)ကျပ်နှုန်းမြင့်တက်နေကြောင်းသိရသည်။

Category: Local News