Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

ဩဂုတ်လ တတိယအပတ်တွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ ပိဿာချိန် (၁၂၅၀၀)ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်းအဆွဲများ၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်းသိရသည်။

  ယခုတစ်ပတ်တွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၂၄၅၀-၂၄၀၀)ကျပ်၊ (လတ်) (၂၂၀၀-၂၁၅၀) ကျပ်၊ (သေး) (၁၉၅၀-၁၈၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၅၀၀-၂၄၀၀)ကျပ်၊ (လတ်) (၂၃၀၀-၂၂၀၀)ကျပ်၊ (သေး) (၂၀၀၀-၁၉၀၀)ကျပ် ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ(ဗမာ)(၉၂၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၈၀၀၀-၈၃၀၀)ကျပ်၊ ကြူကုတ် (၇၉၀၀-၈၂၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၁၀၀၀၀-၁၂၅၀၀)ကျပ်၊ (ရှမ်းစ) (၈၅၀၀-၉၀၀၀)ကျပ်၊ ကြူကုတ် (၈၃၀၀-၈၇၀၀) ကျပ်ဖြင့် ပစ္စည်းအရည် အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားလျှက်ရှိကာ အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

Category: Local News