Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

     ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား ဈေးငြိမ်၍ ပဲတီစိမ်းကြီး/သေး၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး ဈေးမြင့်တက်နေပြီး၊ ပဲကြီး၊ မတ်ပဲ၊   CP ပြောင်းဖူးစေ့၊ ကုလားပဲထိုင်ဝမ်နှင့် ကုလားပဲ 929 ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀) ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၃၄၀၀၀)ကျပ်၊ မတ်ပဲ (၉၀၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၅၀၀၀-၅၁၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၀၀၀၀- ၄၅၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၄၈၀၀၀-၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၂၀၀၀) ကျပ်၊  CP ပြောင်းဖူးစေ့ (၁၈၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၀၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၁၅၀၀)ကျပ်၊ ကုလားပဲ 929 (၈၇၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၇၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်လကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၃၆၀၀၀) ကျပ်၊ မတ်ပဲ (၉၁၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၃၈၀၀၀-၄၅၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၄၈၀၀၀- ၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၂၀၀၀) ကျပ်၊  CP ပြောင်းဖူးစေ့ (၁၈၃၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၈၉၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၁၀၀၀) ကျပ်၊ ကုလားပဲ 929 (၈၈၅၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၈၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းကြီး/သေး၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး မြင့်တက်နေပြီး၊ ပဲကြီး၊ မတ်ပဲ၊   CP ပြောင်းဖူးစေ့၊ ကုလားပဲထိုင်ဝမ်နှင့် ကုလားပဲ 929 ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။

Category: Local News