ဇန်နဝါရီလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူဈေးငြိမ်၍ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဝါနှင့် ဆီဆံဈေးနှုန်းများ ဈေးမြင့်နေကြောင်းသိရသည်။ယခုအပတ်တွင်း နှမ်းညို တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀-၁၂၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၈၀၀၀- ၁၂၅၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း လျှင် (၉၅၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၁၇၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၇၀၀၀ -၁၂၂၀၀၀) ကျပ်ရှိ၍ ယခင် ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးမြှင့်တက်နေကြောင်းသိရသည်။
ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ် မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀) ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၀၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ ဈေးငြိမ်၍ မြေပဲဆီဆံဖြူ မှာ ဈေးအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၅၀၀-၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၅၀၀)ကျပ် ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၅၀၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၅၀၀ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၅၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။