Local News

မုံရွာကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

  ဩဂုတ်လ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်၊ ဈေးနှုန်းများနှင့် မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူတို့ ဈေးမြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၂၀၀၀၀-၁၂၈၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၁၅၀ ၀၀-၁၂၀၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၁၀၀၀၀)၊ ဆီနှမ်းတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ရှိပြီး ယခင်အပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၁၀၁၅၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၆၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်ရှိပြီး ယခုအပတ်အတွင်း ကာလအချိန်နှင့်တူနှိုင်းယှဉ်ပါက နှမ်းညိုတစ်တင်းလျှင် (၂၅၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၅၀၀၀)ကျပ်‌‌၊ နှမ်းဖြူတစ်တင်းလျှင်(၁၂၀၀၀)ကျပ်‌‌ ဈေးနှုန်းများမြင့်တက်နေကြောင်းသိရသည်။  

     ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၉၈၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၉၀၀)ကျပ်ရှိပြီး ယခင်အပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၉၅၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၄၀၀)ကျပ်၊ ယခု အပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆံဈေးအနည်းငယ် မြင့်တက်နေကြောင်းသိရသည်။ ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၃၅၀၀ ကျပ်မှ  ၁၄၀၀၀ ကျပ်ထိ၊ နှမ်းဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ကျပ် ပေါက်ဈေးရှိပါသည်။

MT- Monywa

Category: Local News