Local News

ဆီထွက်သီးနှံများ အရောင်းအဝယ်အေး

Last Updated:

 မုံရွာမြို့ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းသွားပြီး အရောင်းအဝယ်အေးနေကြောင်းသိရပါသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း နှမ်းမျိုးစုံပေါက်ဈေးနှုန်းများမှာ နှမ်းညို တစ်တင်း ၉၈၀၀၀ မှ ၁၁၅၀၀၀ကျပ်အထိ၊ နှမ်းဖြူ တစ်တင်း ၉၀၀၀၀ ကျပ်မှ ၁၁၅၀၀၀ ကျပ်ထိ၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀ ကျပ်မှ ၂၅၀၀၀၀ကျပ်ထိ အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ယခင်လနှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်း ၁၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၅၀၀၀ ကျပ်ခန့် ဈေးလျော့လာပြီး နှမ်းညို ဈေးနှုန်းမှာ ဈေးငြိမ်းနေကြောင်းသိရပါသည်။ 

မြေပဲဆန်ဈေးကွက်မှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၃၀၀ ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၉၆၀၀ ကျပ်ရှိပြီး ယ ခင်လနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ တစ်ပိဿာ ၄၀၀ ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၀၀ ကျပ်ခန့် ဈေးလျော့နည်းလာပါသည်။ ဆီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိရှိကြောင်း မုံရွာကုန်စည်ဒိုင်မှ သိရှိရပါသည်။

Category: Local News