Local News

မုံရွာကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

 ဇူလိုင်လ တတိယအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှဂျုံဖြူသန့်၊မတ်ပဲ၊ပဲကြီး၊ ပဲယင်းဝါ၊ပုဂံပဲနှင့်CPပြောင်းဖူးစေ့တို့မှာ ဈေးနှုန်းငြိမ်နေပြီး ဂျုံထွက်တိုး၊ကုလားပဲလုံးကြီး၊  ထိုင်ဝမ်၊ ကုလားပဲဖြူလုံးသေး၊ ပဲတီစိမ်းကြီး၊ပဲတီစိမ်းနှင့် ပဲနီလုံးရိုးရိုးတို့ဈေးနှုန်းမှာ ပြန်လည်တက်လာကာ ပဲစဉ်းငုံနှင့်ပဲနီလုံးကြားတို့ ဈေးနှုန်းကျဆင်းသွားကြောင်းသိရပါသည်။ ယခုတစ်ပတ်အတွင်း သီးနှံ များတစ်တင်းပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်း (၅၈၀၀၀)ကျပ် ၊ ထွက်တိုး (၅၁၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၉၆၀၀၀) ကျပ်၊  မတ်ပဲ (၅၈၀၀၀- ၇၂၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၅၀၀၀-၅၅၅၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၆၅၀၀)ကျပ်၊ ပဲနီလုံးကြား (၄၈၀၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀)ကျပ်၊  မြေ ထောက်ပဲ (၉၅၀၀၀)ကျပ်၊ ပုဂံပဲ (၈၅၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၇၁၅၀၀-၇၃၀၀၀) ကျပ် နှင့် ပဲကြီးတစ်တင်း (၉၇၅၀၀) ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ်အတွင်း ကာလတူပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၈၀၀၀) ကျပ်၊  ဂျုံထွက်တိုး  တစ်တင်း လျှင် (၅၀၀၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၉၉၀၀၀) ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၇၂၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၅၀၀၀)ကျပ်၊ ပဲတီစိမ်း(၄၆၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၄၈၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၁၀၀၀) ကျပ်၊ မြေထောက်ပဲတစ်တင်းလျှင် (၉၅၀၀၀)ကျပ်၊ ပုဂံပဲ (၈၁၀၀၀)ကျပ်၊ ပဲယင်း ဝါ တစ်တင်းလျှင် (၅၁၀၀၀) ကျပ်၊ ပဲပုတ်စေ့ တစ်တင်းလျှင် (၇၃၅၀၀) ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၉၇၅၀၀) ကျပ် ပေါက် ဈေးရှိ၍ ကာလတူ အ ချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဂျုံဖြူသန့် ၊မတ်ပဲ၊ပဲကြီး၊ ပဲပုတ်စေ့၊ ပဲယင်းဝါ၊ပုဂံပဲတို့မှာ ငြိမ်နေပြီး ပဲစဉ်းငုံ တစ်တင်းလျှင် (၃၀၀၀) ကျပ်နှင့် ပဲနီ လုံး ကြား  တစ်တင်းလျှင် (၅၀၀) ကျပ်နှုန်း ကျဆင်းသွားပြီး၊ဂျုံထွက်တိုးတစ်တင်းလျှင် (၁၀၀၀) ကျပ်နှုန်း၊ ပဲတီစိမ်းကြီးတစ်တင်းလျှင် (၅၀၀) ကျပ် နှုန်း ၊ပဲတီစိမ်းသေးတစ်တင်းလျှင် (၅၀၀) ကျပ်နှုန်းနှင့် ပဲနီလုံးရိုးရိုးတစ်တင်းလျှင် (၁၀၀၀) ကျပ်နှုန်းတို့မြင့်တက်လာကြောင်း သိရသည်။  

 ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီးတစ်တင်း (၈၄၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၄၀၀၀) ကျပ်၊ 929  (၈၃၅၀၀) ကျပ်၊ ထိုင်ဝမ် (၈၃၀၀၀) ကျပ် ပေါက်ဈေးရှိပြီး ယခင်အပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီးတစ်တင်း(၈၃၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၈၃၅၀၀) ကျပ်၊ 929  (၈၃၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက 929 မှာငြိမ်နေပြီး ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၅၀၀) ကျပ်နှင့် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် (၅၀၀) ကျပ်နှုန်းတို့ မြင့်တက်လာကြောင်းသိရသည်။   CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၀၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်အပတ်ကာလတူပေါက်ဈေးနှုန်းအတိုင်း ဈေးငြိမ်နေကြောင်းသိရပါသည်။

MT - Monywa

Category: Local News