Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်လနှင့်နှိုင်းယှည်မှုအခြေအနေ

Last Updated:

 ဩဂုတ်လအတွင်း မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဂျုံ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး၊ ပဲကြီး၊ ပဲနီလုံးရိုးရိုး၊ ပဲနီ လုံးကြား၊ CP ပြောင်းနှင့် ကုလားပဲ (မျိုးစုံ)၊ ပုဂံပဲ၊ မြေထောက်ပဲ၊ ပဲယင်းဝါ၊ ထောပတ်ပဲစသည် ပဲများအားလုံး ဈေးနှုန်းများမြင့်တက်လာကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၈၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၆၃၀၀၀)ကျပ်၊ ပဲကြီး (၁၀၃၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၁၂၀၀၀)ကျပ်၊ မတ်ပဲ (၆၈၀၀၀-၇၁၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၃၀၀၀-၅၄၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၅၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၇၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၀၀၀)ကျပ်၊ ပုဂံပဲ (၈၀၀၀၀)ကျပ်၊ မြေထောက်ပဲ (၁၀၅၀၀၀)၊ ပဲယင်းဝါ (၅၆၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၂၀၀၀) ကျပ်၊ ကုဖြူလုံးကြီး (၉၂၀၀၀)ကျပ်၊ ကုဖြူလုံးသေး (၉၂၀၀၀)ကျပ်၊ ကုလားပဲ 929 (၉၂၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၉၁၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရပါသည်။ ယခင်လ (ဇူလိုင်) ကာလတူအချိန်ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဂျုံဖြူသန့် (၆၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၆၃၀၀၀)ကျပ်၊  ပဲကြီး (၉၆၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၉၃၀၀၀)ကျပ်၊ မတ်ပဲ (၅၅၀၀-၅၈၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၅၀၀-၅၅၅၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၆၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၁၀၀၀)ကျပ်၊ ပဲနီလုံးကြား (၄၈၀၀၀)ကျပ်၊ ပုဂံပဲ (၈၅၀၀၀)ကျပ်၊ မြေထောက်ပဲ (၁၀၅၀၀၀-၁၁၀၀၀၀)၊ ပဲယင်းဝါ (၅၂၀၀၀) ကျပ်၊ ထောပတ်ပဲ (၉၂၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၉၀၀၀)ကျပ်၊ ကုဖြူလုံးကြီး တစ်တင်းလျှင် (၈၄၀၀၀)ကျပ်၊ ကုဖြူလုံးသေး (၈၄၀၀၀)ကျပ်၊ 929 (၈၄၀၀၀)ကျပ်၊ ထိုင်ဝမ် (၈၃၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်း (၉၅၀၀)ကျပ်၊ ဂျုံထွက်တိုး (၁၂၀၀၀)ကျပ်ခန့်၊  ပဲကြီး တစ်တင်း(၆၅၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်း (၁၉၀၀၀)ကျပ်၊ မတ်ပဲတစ်တင်း (၁၀၀၀၀)ကျော်၊ ပဲတီစိမ်း တစ်တင်း (၃၅၀၀)ကျပ်ခန့်၊ ပဲနီလုံးရိုးရို/ပဲနီလုံးကြာတစ်တင်း (၆၀၀၀)ကျပ်ခန့်၊ ပုဂံပဲ တစ်တင်း (၅၀၀၀)ကျပ်၊ ပဲယင်းဝါ (၄၀၀၀) ကျပ်၊ ထောပတ်ပဲ (၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၃၀၀၀)ကျပ်၊ ကုဖြူလုံးကြီး (မျိုးစုံ) တစ်တင်း  (၈၀၀၀)ကျပ်ခန့် ဈေးမြင့်တက်လာကြောင်းသိရသည်။

MT-Monywa

Category: Local News